close

သာကေတမြို့နယ်၌ ကိုဗစ်-၁၉ လူနာများပြားလာပြီ အောက်ဆီဂျင် ပြတ်လပ်

ရန်ကုန် သာကေတမြို့နယ်အတွင်းမှာ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက  ကိုဗစ်-၁၉ အတည်ပြု လူနာတွေ ပိုမိုများပြားလာတဲ့အတွက် အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်တဲ့ အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“Positive လူနာတွေကို ဆေးရုံတွေက အခုလက်မခံတော့ဘူး။ အဲဒီတော့ အိမ်မှာပဲ ကုသနေရတယ်။ လူနာက အောက်ဆီဂျင် ကျလာတဲ့အခါ နီးစပ်ရာ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရှာရပါတယ်။ အခုက အောက်ဆီဂျင်ရော အိုးတွေပါ ပြတ်လပ်နေတယ်” လို့ ကိုဗစ်-၁၉ လူနာရှင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာတွေ တစ်နေ့ထက် တစ်နေ့များပြားလာနေရာမှာ  အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာတာနဲ့အတူ   စျေးကွက်အတွင်း အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက်တွေပစ္စည်းပြတ်လပ်နေသလို မူလစျေးထက် နှစ်ဆ၊ သုံးဆ မြင့်တက်နေပါတယ်။ 

40L အောက်ဆီဘူး တစ်ဘူးကို အရင်က  ကျပ်တစ်သိန်းခွဲသာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သုံးသိန်းခွဲကျော်ထိ စျေးရှိနေပါတယ်။ အောက်ဆီဂျင် စက်တစ်လုံးကို အရင်က ကျပ်  ၁၀ သိန်းလောက်သာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သိန်း ၂၀ လောက် ပေးဝယ်နေရပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက်  ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Photo-CJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up