close

အောက်လွှတ်တော်

close

March 20, 2023

ထိုင်းနိုင်ငံတွင် အောက်လွှတ်တော်ကို ဖျက်သိမ်း

ထိုင်းနိုင်ငံမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း  ဘုရင့်နန်းတော်က မတ်လ ၂၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

လွှတ်တော်ဖျက်သိမ်းကြောင်းကို ထိုင်းဘုရင်က မတ်လ ၁၇ ရက်မှာ လက်မှတ်ရေးထိုး အမိန့်ထုတ်လိုက်တာဖြစ်ပြီး ဒီကနေ့မှ အများပြည်သူသိအောင် ကြေညာလိုက်တာဖြစ်ပါတယ်။

အခုလို လွှတ်တော် ဖျက်သိမ်းလိုက်တဲ့ အတွက် ထိုင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်းရွေးကောက်ပွဲ ကျင်းပပေးရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာတော့ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့  လာမယ့် မေလ ၇ ရက် ဒါမှမဟုတ် ၁၄ ရက် လောက်မှာ ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ခန့်မှန်းဖော်ပြထားပါတယ်။

PHOTO- BANGKOK POST

7 mins Ago

May 16, 2020

ကိုရိုနာကပ်ဘေးထောက်ပံ့‌ရန် ဒေါ်လာ ၃ ထရီလီယံ  အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်အောက်လွှတ်တော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးထောက်ပံ့ရေးအတွက် ဒေါ်လာ ၃ ထရီလီယံသုံးမယ့် ဥပဒေကြမ်းကို မဲအနည်းငယ်အသာနဲ့ မေလ ၁၅ ရက်က အတည်ပြု လိုက်ပါတယ်။  ဒီမိုကရက်အများစုက ထောက်ခံခဲ့တဲ့ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၂၀၈ မဲ၊ ကန့်ကွက်မဲ ၁၉၉ မဲနဲ့ အတည်ပြုလိုက်တာပါ။  ဒါပေမဲ့ အထက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကင်တွေနဲ့ သမ္မတဒေါ်နယ်ထရမ့်တို့ကတော့  ဥပဒေကြမ်းကို အတည်မပြုနိုင်အောင် ပိတ်ဆို့သွားမယ်လို့ ဆိုထားပါတယ်။  အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီနဲ့ ဒီမိုကရက်အမတ်တွေကတော့ ပြည်နယ်အစိုးရ တွေ ဒေသခံအစိုးရတွေကို ကူညီဖို့ စာမျက်နှာ ၁၈၀၀ ပါဝင်တဲ့ ဒီဥပဒေကြမ်းကို ရေးဆွဲပြင်ဆင်ခဲ့တာပါ။  ဥပဒေကြမ်းကို Heroes Act လို့ ခေါ်ဆိုထားပြီး အမေရိကန်စီးပွားရေးရဲ့နေရာစုံကို ထောက်ပံ့ဖို့ဖြစ်ပါတယ်။  ဒေါ်လာဘီလီယံ ၅၀၀ ကို ကပ်ဘေးကြောင့် ရုန်းကန်နေတဲ့ ပြည်နယ်တွေအတွက် သုံးမှာဖြစ်ပြီး  ပြည်သူတွေကို တိုက်ရိုက်ထောက်ပံ့ငွေ ထပ်မံပေးအပ်ဖို့၊ ကပ်ဘေးရှေ့တန်းမှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးလုပ်သားတွေကို ထိခိုက်နစ်နာကြေးတွေ ပေးဖို့  ပါဝင်တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။
3 years Ago
Up