ထိုင်းနိုင်ငံတွင် အောက်လွှတ်တော်ကို ဖျက်သိမ်း

5
ထိုင်းနိုင်ငံမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ဘုရင့်နန်းတော်က မတ်လ ၂၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
လွှတ်တော်ဖျက်သိမ်းကြောင်းကို ထိုင်းဘုရင်က မတ်လ ၁၇ ရက်မှာ လက်မှတ်ရေးထိုး အမိန့်ထုတ်လိုက်တာဖြစ်ပြီး ဒီကနေ့မှ အများပြည်သူသိအောင် ကြေညာလိုက်တာဖြစ်ပါတယ်။
အခုလို လွှတ်တော် ဖျက်သိမ်းလိုက်တဲ့ အတွက် ထိုင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရက်ပေါင်း ၆၀ အတွင်းရွေးကောက်ပွဲ ကျင်းပပေးရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာတော့ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ လာမယ့် မေလ ၇ ရက် ဒါမှမဟုတ် ၁၄ ရက် လောက်မှာ ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ခန့်မှန်းဖော်ပြထားပါတယ်။
PHOTO- BANGKOK POST