close

အောင်ဘာလေထီ

close

December 1, 2022

အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်လှစ်၊ ကျပ်သိန်း ၁၀၀ အထူးဆုအပါအဝင် ဆုပေါင်း ၁၄ ဆု ချီးမြှင့်နိုင်

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ” အပတ်စဉ် ၁၃ ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး ကျပ်သိန်း ၁၀၀ အထူးဆု ၁ ခု အပါအဝင် ဆုပေါင်း ၁၄ ဆု ချီးမြှင့်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချနေတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် “အောင်လံလွှင့်ချီ နွေဦးထီ” မှာတော့ ကျပ်သိန်း ၁၀၀ ဆု ၁ ဆု အပါအဝင် ဆု ၁၁ ဆုအထိ ချီးမြှင့်နိုင်ခဲ့တာပါ။

အောင်လံလွှင့်ချီ နွေဦးထီ ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

လတ်တလောအချိန်ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နွေဦးထီ ကံထူးရှင်တွေထဲက အများစုကတော့ သူတို့ရရှိတဲ့ ထီဆုကြေးငွေတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးခဲ့တာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကတော့ နွေဦးထီနဲ့ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက် ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေ ရောင်းချဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေပေမဲ့ ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

NUG အစိုးရကတော့ ဒီကနေ့အထိ အခက်အခဲတွေကြားကနေ တော်လှန်ရေးစိတ်ဓာတ်နဲ့ အစွမ်းကုန် ပူးပေါင်းဝယ်ယူ ကံစမ်းကြတဲ့အတွက် ပြည်သူတဦးချင်း၊ တယောက်ချင်းဆီကို အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပြီး စတင်ရောင်းချခဲ့ချိန်ကနေ တနှစ်တာကာလအတွင်းမှာ CDM သူရဲကောင်း ၁၀,၀၀၀ ကျော်ကို ထောက်ပံ့နိုင်ခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီဟာ လက်ရှိမှာတော့ အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ဖင်လန်၊ နယူးဇီလန်၊ ဂျပန်၊ ကနေဒါ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ တရားဝင်ကိုယ်စားလှယ်တွေ ထားရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

8 hours Ago

October 1, 2021

အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ ဆုကို ဗိုလ်တထောင်မြို့နယ်နေသူ ရရှိ

စစ်ကောင်စီက ဒီနေ့ဖွင့်လှစ်တဲ့ အောင်ဘာလေထီအမြင့်ဆုံးကျပ်သိန်း ၅၀၀၀ ဆုအား အေးငြိမ်းချမ်းသာထီဆိုင်ကရောင်းချခဲ့ပြီး ဗိုလ်တထောင်မြို့နယ်နေ အမျိုးသားတစ်ဦးက ရရှိသွားတယ်လို့ သိရပါတယ်။ 

ပြည်သူအများစုက အောင်ဘာလေထီကို အာဏာဖီဆန်ရေးလူပ်ရှားမူပြုလုပ်ပြီး ဆန့်ကျင်ထားချိန်မှာ ထီရောင်းသူနဲ့ထီဆုဆွတ်ခူးသူစာရင်း ထွက်ပေါ်လာတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ရောင်းတဲ့ ထီဆိုင်တွေနဲ့ထီ အမြင့်ဆုံးဆုပေါက်သူတွေဟာ လူသိခံခြင်းမရှိဘဲ သိုသိုသိပ်သိပ်သာနေလေ့ရှိခဲ့ပါတယ်။

ထီပေါက်သူရဲ့ ဓာတ်ပုံပါ ဒီနေ့ထွက်ပေါ်လာပေမယ့် သူ့ရဲ့မျက်နှာကိုစတေကာနဲ့ ဖုံးကွယ်ထားပါတယ်။ 

အောင်ဘာလေထီရဲ့ အမြင့်ဆုံးဆုကို ယခင်ကကျပ်သိန်းတစ်သောင်းခွဲပေးခဲ့ပေမယ့် စစ် အာဏာသိမ်းပြီးတဲ့နောက် ရောင်းအား ကျဆင်းသွားတာကြောင့် ကျပ်သိန်း ၅၀၀၀ သာပေးနိုင်တော့တာပါ။ 

ဒါ့အပြင် အခြားဆုမဲအရေအတွက် တစ်သိန်းလောက်ကိုလည်း လျှော့ချခဲ့ရပါတယ်။ 

ဒီနေ့မှာ NUG အစိုးရရဲ့ နွေဦးထီကလည်း ကံထူးသူ ရွေးချယ်ပေးခဲ့ပါတယ်။ နွေဦးထီကံထူးသူ ၇၅ ဦးရှိခဲ့ပြီး ၆၂ ဦးကတော့ ဆုငွေကိုရယူခြင်းမရှိဘဲ NUG အစိုးရမှတဆင့် CDM ဝန်ထမ်းတွေကို ပြန်လှူလိုက်ပါတယ်။

1 year Ago
Up