အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ရဲ့ ၃ ကြိမ်မြောက် MMA စိန်ခေါ်ပွဲစဉ်ကို လာမယ့်ဖေဖော်ဝါရီ ၂၅ ရက်နေ့ စင်ကာပူနိုင်ငံမှာထိုးသတ်သွားမှာဖြစ်ပါတယ်။
ONE: FULL CIRCLE လို့ အမည်ပေးထားတဲ့ အဲဒီပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၃ ပွဲလည်းပါဝင်ပြီး အောင်လန်အန်ဆန်နဲ့ ဘစ်ဒက်ရှ်ပွဲစဉ်က စိန်ခေါ်ပွဲတစ်ပွဲအနေနဲ့သာ ထိုးသတ်ရမှာပါ။
အနိုင်ရရှိတဲ့သူကသာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုအတွက် စိန်ခေါ်ပွဲထိုးသတ်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။
အောင်လအန်ဆန်နဲ့ရုရှားသား ဘစ်ဒက်ရှ်တို့ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီက အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး အဲဒီအချိန်က မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်ဒက်ရှ်က အမှတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်ခဲ့ပါတယ်။
အဲဒီနောက် ၅ လအကြာ ရန်ကုန်မြို့မှာ ပြန်လည်စိန်ခေါ်ထိုးသတ်ခဲ့ရာမှာ အောင်လအန် ဆန်က အမှတ်နဲ့အနိုင်ရပြီး ပထမဆုံးအကြိမ် မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ချန်ပီယံလုပွဲတွေထဲမှာတော့ လက်ရှိ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဒီရိုက်ဒါက ကာဂျစ်စတန်နိုင်ငံသား One ဝဲလ်သာဝိတ်ချန်ပီယံအဘာဆော့ဗ်နဲ့ မစ်ဒယ်ဝိတ်ခါးပတ်လုပွဲ ထိုးသတ်သွားမှာပါ။
ဒါ့အပြင် ကစ်ဘောင်ဆင် လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်လုပွဲအဖြစ် ယူကရိန်းက ရိုမန်ခရိုကလီယာနဲ့ တူရကီက မူဂတ်အေဂမ် တို့ ထိုးသတ်သွားမှာပါ။
မွေထိုင်းဖယ်သာဝိတ်ချန်ပီယံ ခါးပတ်လုပွဲလည်း ပါဝင်ပြီး ထိုင်းနဲ့ရုရှားသား ၂ ဦးတို့လည်း ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိပါတယ်။ တခြားပွဲစဉ် ၁ဝ ပွဲလည်းရှိနေပြီး စုစုပေါင်း ၁၄ ပွဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်နဲ့ပွဲမှာ ချုပ်ကွက်မသုံးဘဲ ဆိုင်ထိုးပြိုင်ထိုးရရင်လည်း ပြဿနာမရှိကြောင်း ပြိုင်ဘက် လီအန်ဒရိုအတိတ်ကပြောပါတယ်။
အောင်လအန်ဆန် အနေနဲ့ Ground Fight ဖြစ်တဲ့ ကြမ်းပြင်ပေါ်ထိုးသတ်တဲ့နေရာမှာ အားနည်းချက်ရှိတာကို သိရှိထားပေမယ့် အဲဒီလိုချုပ်ကွက် မသုံးဘဲ ဆိုင်ထိုင်းပြိုင်ထိုးရတဲ့ Stand Fight ဆိုရင်လည်း ပြဿနာမရှိကြောင်း လီအန်ဒရိုအတိတ်ကပြောခဲ့တာပါ။
“သူ့အားနည်းချက်က Ground Fight ပါ။ ဒါပေမယ့် သူ့ဘက်က Stand Fight နဲ့ ဆိုင်ထိုး ပြိုင်ထိုးလာရင်လည်း ကိစ္စမရှိပါဘူး။ ကျနော်ကစိန်ခေါ်မှုကို ကြိုက်တယ်။ ဒါပေမယ့် Ground Fight ဖြစ်လာခဲ့ရင်တော့ ဒါက ကျွန်တော့်အိမ်လိုဖြစ်သွားမှာပေါ့” လို့ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရခဲ့တဲ့ လီအန်ဒရိုအတိတ်က ပြောပါတယ်။
အောင်လအန်ဆန်ကတော့ လီအန်ဒရိုအတိတ်ရဲ့ ဂျူဂျစ်ဆု ချုပ်ကွက်တွေကို ရုန်းထွက်နိုင်စွမ်းရှိပြီး မစ်ဒယ်ဝိတ် ချန်ပီယံရွှေ့ခါး ပတ်ကို ပြန်လည်ရရှိလိုကြောင်းပြောပါတယ်။
အောင်လက “ကျနော်က Ground Fight မှာ ပိုကောင်းတယ်ဆိုပေမယ့် သူ့ဘက်က နပန်းနဲ့ လုံးထွေးသတ်ပုတ်လာ ရင်လည်းရုန်းထွက်နိုင်ပါတယ်။ မစ်ဒယ်ဝိတ်တန်းက ကျနော် ပိုင်ဆိုင်ခဲ့တဲ့နေရာပါ။ ရွှေခါးပတ်ပြန်ရချင်တယ်။ အဲဒီအတွက် ကျွန်တော့်ရှေ့မှာ ဘယ်သူတွေပဲ လာလာ အနိုင်ထိုးသတ်သွားချင်တယ်” လို့ အောင်လအန်ဆန်ကပြောပါတယ်။
လီအန်ဒရို အတိတ်ဟာ ဇူလိုင် ၃၀ ရက်မှာ ထိုးသတ်မဲ့ အောင်လအန်ဆန်နဲ့ ပွဲစဉ်အတွက် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဒီရိုက်တာနဲ့ ပူးတွဲ လေ့ကျင့်ခန်းပြုလုပ်ထား တယ်လို့ သိရပါတယ်။