close

အောင်လနှင့် ဘစ်ဒက်ရှ်တို့၏ ၃ ကြိမ်မြောက်စိန်ခေါ်ပွဲ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ထိုးသတ်မည်

အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ရဲ့ ၃ ကြိမ်မြောက် MMA စိန်ခေါ်ပွဲစဉ်ကို လာမယ့်ဖေဖော်ဝါရီ ၂၅ ရက်နေ့ စင်ကာပူနိုင်ငံမှာထိုးသတ်သွားမှာဖြစ်ပါတယ်။ 

ONE: FULL CIRCLE လို့ အမည်ပေးထားတဲ့ အဲဒီပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံလုပွဲ ၃ ပွဲလည်းပါဝင်ပြီး အောင်လန်အန်ဆန်နဲ့ ဘစ်ဒက်ရှ်ပွဲစဉ်က စိန်ခေါ်ပွဲတစ်ပွဲအနေနဲ့သာ ထိုးသတ်ရမှာပါ။ 

အနိုင်ရရှိတဲ့သူကသာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုအတွက် စိန်ခေါ်ပွဲထိုးသတ်ဖို့ အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။ 

အောင်လအန်ဆန်နဲ့ရုရှားသား ဘစ်ဒက်ရှ်တို့ဟာ  ၂၀၁၇ ခုနှစ် ဇန်နဝါရီက အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာ ပထမဆုံးတွေ့ဆုံခဲ့ပြီး အဲဒီအချိန်က မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်ဒက်ရှ်က အမှတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ကာကွယ်ခဲ့ပါတယ်။ 

အဲဒီနောက် ၅ လအကြာ ရန်ကုန်မြို့မှာ ပြန်လည်စိန်ခေါ်ထိုးသတ်ခဲ့ရာမှာ အောင်လအန် ဆန်က အမှတ်နဲ့အနိုင်ရပြီး ပထမဆုံးအကြိမ် မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်လာခဲ့တာပါ။ 

ကမ္ဘာ့ချန်ပီယံလုပွဲတွေထဲမှာတော့ လက်ရှိ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဒီရိုက်ဒါက ကာဂျစ်စတန်နိုင်ငံသား One ဝဲလ်သာဝိတ်ချန်ပီယံအဘာဆော့ဗ်နဲ့ မစ်ဒယ်ဝိတ်ခါးပတ်လုပွဲ ထိုးသတ်သွားမှာပါ။ 

ဒါ့အပြင် ကစ်ဘောင်ဆင် လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်လုပွဲအဖြစ် ယူကရိန်းက ရိုမန်ခရိုကလီယာနဲ့ တူရကီက မူဂတ်အေဂမ် တို့ ထိုးသတ်သွားမှာပါ။ 

မွေထိုင်းဖယ်သာဝိတ်ချန်ပီယံ ခါးပတ်လုပွဲလည်း ပါဝင်ပြီး ထိုင်းနဲ့ရုရှားသား ၂ ဦးတို့လည်း ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိပါတယ်။ တခြားပွဲစဉ် ၁ဝ ပွဲလည်းရှိနေပြီး စုစုပေါင်း ၁၄ ပွဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up