close

အဲဗာတန်နည်းပြသစ်

close

February 1, 2022

အသင်း၏ရည်မှန်းချက်ကြီးမားပုံကို သဘောကျကြောင်း အဲဗာတန်နည်းပြသစ် လမ်းပတ်ပြော

အဲဗာတန်အသင်းတာဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကြီးမားပုံကို အလွန်သဘောကျကြောင်း နည်းပြသစ် ဖရန့်လမ်းပတ်က ပြောပါတယ်။ 

ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ အဲဗာတန်နဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာပါ။ 

အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌအပါအဝင် ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမှုနဲ့ ရည်မှန်းချက်တွေကို သိရှိလာခဲ့ရပြီး  စိတ်အားထက်သန်မှုတွေ ပိုရှိလာကြောင်း နည်းပြလမ်းပတ်ကပြောပါတယ်။ 

“သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမူနဲ့ ရည်မှန်းချက်တွေက အလွန်နှစ်သက်စရာကောင်းတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်တွေနဲ့ အတူတကွဲလုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒကိုလည်း သူတို့နှစ်သက်မယ်လို့ မျှော်လင့်တယ်။ ကစားသမားတွေကို ပထမဆုံးစကားပါးလိုတာကတော့ စည်းလုံးမှုရှိရှိနဲ့ အတူတကွကြိုးစားကြဖို့ပါပဲ။ ကိုယ့်အလုပ်ကိုလုပ်တာနဲ့ တစ်ပြိုင်နက် ပရိသတ်တွေကလည်း အနောက်ကနေ ထောက်ခံအားပေးနေပါလိမ့်မယ်။” 

နည်းပြလမ်းပတ်ဟာ အသင်းနဲ့စာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ စပါးကွင်းလယ်လူ အယ်လီတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

4 mins Ago

December 18, 2019

ကားလို့အန်ဆယ်လော့တီကို အဲဗာတန်နည်းပြသစ်အဖြစ် ခန့်အပ်နိုင် 

ကားလို့အန်ဆယ်လော့တီကို အခုသီတင်းပတ်ကုန်ပိုင်းမှာ အဲဗာတန်အသင်းရဲ့ အမြဲတမ်း နည်းပြအသစ်အဖြစ် ထုတ်ပြန်‌ကြေညာခံဖို့ရှိနေတယ်လို့   Sky News သတင်းမှာ ဖော်ပြပါတယ်။ အန်ဆယ်လော့တီဟာ အဲဗာတန် နည်းပြရာထူးအတွက် ၄ နှစ်ခွဲစာချုပ်နဲ့ ကမ်းလှမ်းခံထားရတာ ဖြစ်ပြီးတော့ သူ့ရဲ့အဲဗာတန် နည်းပြဘဝ ပထမဆုံးပွဲကို လာမယ့် ဘောက်ဆင်ဒေးမှာ ကန်မယ့် ဘန်လေနဲ့ပွဲမှာ စတင်မယ်လို့ အီတလီ သတင်းတွေမှာ ဖော်ပြပါတယ်။ အန်ဆယ်လော့တီရဲ့ လက်ထောက်နည်းပြတွေအဖြစ် သူ့ရဲ့သားဖြစ်သူ ဒေးဗစ်အန်ဆယ်လော့တီနဲ့ လက်ရှိ အဲဗာတန်အသင်းရဲ့ ယာယီနည်းပြ ဒန်ကန်ဖာဂူဆန်တို့က တာဝန်ယူမှာ ဖြစ်ပြီးတော့ သူဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားသစ် ခေါ်ယူဖို့ ငွေသုံးစွဲခွင့်ပြုမယ်ဆိုတဲ့ အာမခံချက်ကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။ အီတလီအခြေစိုက် Sky သတင်းမှာ ဖော်ပြထားချက်အရ အန်ဆယ်လော့တီဟာ နေပယ်ကို သွားရောက်ပြီး သူနဲ့ နာပိုလီအသင်းတို့ကြားက ကျန်ရှိနေသေးတဲ့ စာချုပ်အချက်အလက်တွေကို ဖြေရှင်းမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် နည်းပြဖြစ်သူ မာကိုဆေးဗားလ်ကို မကြာသေးခင်ကပဲ ထုတ်ပယ်ခဲ့ပါတယ်။ ဆေးဗားလ်ကို ထုတ်ပယ်ခဲ့ပြီး မကြာခင်မှာပဲ အန်ဆယ်လော့တီဟာလည်း နာပိုလီအသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။  အဲဒါကြောင့် သူဟာ နည်းပြသစ်တဦးကို ရှာဖွေနေတဲ့ အဲဗာတန်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပစ်မှတ်နည်းပြ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်အသင်းရဲ့  ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတဲ့ ဖာဟတ်မိုရှီရီနဲ့ ဥက္ကဋ္ဌ ဘီလ်ကန်ရိုက်တို့ဟာလည်း တခြားနည်းပြတွေထက်စာရင် အန်ဆယ်လော့တီကို သူတို့ရဲ့ ဦးစားပေးနည်းပြအဖြစ် သတ်မှတ်ထားပါတယ်။ အန်ဆယ်လော့တီဟာ ဥရောပဘောလုံးဇာတ်ခုံမှာ လူရိုသေ ရှင်ရိုသေ နည်းပြတဦး ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာလည်း အောင်မြင်မှုရရှိထားသူတဦး ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ဖလား၊ အက်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ကိုဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုတွေမှာ ချန်ပီယံလိဂ်ဖလား ၃ လုံးအပြင် ပြင်သစ်၊ အီတလီနဲ့ ဂျာမနီလိဂ်ဖလားတွေပါ ပါဝင်နေတာကြောင့် အဲဗာတန်အသင်းကို အမှန်တကယ် ရောက်ရှိလာမယ်ဆိုရင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
2 years Ago
Up