close

အသင်း၏ရည်မှန်းချက်ကြီးမားပုံကို သဘောကျကြောင်း အဲဗာတန်နည်းပြသစ် လမ်းပတ်ပြော

အဲဗာတန်အသင်းတာဝန်ရှိသူတွေရဲ့ ရည်မှန်းချက်ကြီးမားပုံကို အလွန်သဘောကျကြောင်း နည်းပြသစ် ဖရန့်လမ်းပတ်က ပြောပါတယ်။ 

ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်ဟာ အဲဗာတန်နဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာပါ။ 

အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌအပါအဝင် ဘုတ်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမှုနဲ့ ရည်မှန်းချက်တွေကို သိရှိလာခဲ့ရပြီး  စိတ်အားထက်သန်မှုတွေ ပိုရှိလာကြောင်း နည်းပြလမ်းပတ်ကပြောပါတယ်။ 

“သူတို့ရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးမူနဲ့ ရည်မှန်းချက်တွေက အလွန်နှစ်သက်စရာကောင်းတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်တွေနဲ့ အတူတကွဲလုပ်ဆောင်ချင်တဲ့ စိတ်ဆန္ဒကိုလည်း သူတို့နှစ်သက်မယ်လို့ မျှော်လင့်တယ်။ ကစားသမားတွေကို ပထမဆုံးစကားပါးလိုတာကတော့ စည်းလုံးမှုရှိရှိနဲ့ အတူတကွကြိုးစားကြဖို့ပါပဲ။ ကိုယ့်အလုပ်ကိုလုပ်တာနဲ့ တစ်ပြိုင်နက် ပရိသတ်တွေကလည်း အနောက်ကနေ ထောက်ခံအားပေးနေပါလိမ့်မယ်။” 

နည်းပြလမ်းပတ်ဟာ အသင်းနဲ့စာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ စပါးကွင်းလယ်လူ အယ်လီတို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up