close

အံ့အားသင့်

close

March 26, 2023

ဘိုင်ယန်၏ ကမ်းလှမ်းချက်ကို အံ့အားသင့်ဟု နည်းပြသစ် တူချယ်ဖွင့်ဟ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းချက်ရရှိချိန်မှာ အံ့အားသင့်ခဲ့ရကြောင်း နည်းပြသစ် တူချယ် က ပြောပါတယ်။

ဘိုင်ယန်အသင်းဟာ နည်းပြ နာဂယ်စ်မန်းကို ထုတ်ပယ်ပြီး ဒေါ့မွန်နည်းပြဟောင်း တူချယ်ကို အစားထိုးခန့်အပ်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဆီရောက်ဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ နီးစပ်ခဲ့ဖူးပေမဲ့ ဒီလိုအချိန်မှာတော့ ဘိုင်ယန်နည်းပြဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ကြောင်း၊ ကမ်းလှမ်းချက်ရရှိချိန်မှာ အံ့အားသင့်မိ ခဲ့ကြောင်းအသင်းနဲ့ ပထမဆုံးမိတ်ဆက်ပွဲမှာ နည်းပြသစ်တူချယ်က ပြောပါတယ်။

နည်းပြဘဝကို တခြားနိုင်ငံတွေမှာပဲ ဆက်လက်ပြီးကျင်လည် ရလိမ့်မယ်လို့ ထင်ခဲ့ကြောင်းနဲ့ ဘိုင်ယန်အသင်းရဲ့ ကမ်းလှမ်းမှုခံရတာဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း တူချယ်ကပြောပါတယ်။

အသက် ၄၉ နှစ်ရှိ ဂျာမန်နည်းပြတူချယ်ဟာ မိန့်ဇ်အသင်းနဲ့ နည်းပြဘဝစတင်ခဲ့ပြီး ဒေါ့မွန်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပါတယ်။ 

8 mins Ago

February 7, 2023

အရေးယူခံရမည့်အပေါ် အံ့အားသင့်မိကြောင်း မန်စီးတီးထုတ်ပြန်

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက အရေးယူမှုပြုလုပ်မယ့်အပေါ် အံ့အားသင့်မိကြောင်း မန်စီးတီး အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၀၉-၂၀၁၀ ရာသီကနေ ၂၀၁၇-၂၀၁၈ ရာသီအထိ ဘဏ္ဍာရေးစည်းမျဉ်းစုစုပေါင်း ၁၀၀ လောက်ချိုးဖောက်ခဲ့တယ်လို့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က စွဲချက်တင်ထားပြီး အရေးယူမှုတွေလုပ်ဆောင်တော့မှာပါ။

အဲဒီအပေါ် မန်စီးတီးအသင်းဘက်က  အံ့အားသင့်မိကြောင်း၊  စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ တသတ်မတ်တည်း ပြန်လည်စစ်ဆေး မယ်ဆိုရင်  လက်ခံကြိုဆိုကြောင်း၊ အသင်းဘက်က လုပ်ဆောင်စရာရှိတာတွေဆက်ပြီး လုပ်ဆောင်သွားမှာဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

မန်စီးတီးအသင်းအနေနဲ့ မှန်ကန်တဲ့ ဘဏ္ဍာရေးရှင်းတမ်းဖြစ်ဖို့အတွက် စပွန်ဆာကြေးအပါအဝင် အမြတ်ငွေတွေနဲ့ ရှင်းလင်းဖို့ လိုအပ်ပြီး အသင်းနည်းပြနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာပေးချေမှုတွေမှာလည်း ထိန်ချန်ထားမှုတွေရှိတယ်လို့ ပရီးမီးယားလိဂ်က ဆွဲချက်တင်ထားပါ။

ဒါ့အပြင် ၂၀၁၃-၂၀၁၄ ရာသီနဲ့ ၂၀၁၇-၂၀၁၈ ရာသီအထိ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ၊ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေ ၂၀၁၇-၂၀၁၈ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ခြင်းတွေပါဝင်ပါတယ်။

မန်စီးတီးအနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရဖို့များနေပြီး အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ပြိုင်ပွဲကနေ တောင်ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ 

2 months Ago
Up