close

ဥရောပနိုင်ငံအချို့

close

September 15, 2021

ဥရောပနိုင်ငံတချို့ ဘုံကောင်းကျိုးထက် ကိုယ်ကျိုးရှေ့တန်းတင်နေဟု ပုပ်ရဟန်းမင်းကြီးဝေဖန်

ဥရောပနိုင်ငံတချို့ဟာ ဘဏ္ဍာရေးအကျိုးအမြတ်၊ ယဉ်ကျေးမှုစစ်ပွဲတွေနဲ့ တဦးချင်း အခွင့်အရေးတွေကို ဒေသတွင်း ဘုံကောင်းကျိုးထက်ပိုပြီး ရှေ့တန်းတင်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုကာကွယ်တဲ့ စိတ်နေစိတ်ထားမျိုးဆီ ပြန်ရောက်မယ့်ဘေးတွေ ဖြစ်လာလိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

စလိုဗက် သမ္မတ၊ အရာရှိတွေနဲ့ သံတမန်တွေကို သမ္မတနန်းတော်ပန်းခြံထဲမှာ မိန့်ခွန်းပြောရင်း ခုလို ပြောလိုက်တာပါ။ စလိုဗက်ကီးယားနိုင်ငံမှာ ပထမဆုံးတရက် အပြည့်နေအပြီး ပုပ်ရဟန်းမင်းကြီးဟာ ဟန်ဂေရီနိုင်ငံမှာ စတင်ဟောပြောခဲ့တဲ့ ဆောင်ပုဒ်ကို ဆက်ပြီး ဟောပြောပါတယ်။

၁၉၈၉ ကတ္တီပါ တော်လှန်ရေးအပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြိုကွဲအပြီးမှာ စလိုဗက်ကီးယားနိုင်ငံဟာ ၁၉၉၃ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီနောက် ဆိုဗီယက် ကျောထောက်နောက်ခံပေးထားတဲ့ အုပ်ချုပ်ရေး နှစ် ၄၀ လည်း အဆုံးသတ်ခဲ့ပါတယ်။

၁၉၈၉ နောက်ပိုင်းမှာတော့ အလယ်နဲ့ အရှေ့ဥရောပနိုင်ငံတွေက စီးပွားရေး တိုးလာပြီး ဥရောပ သမဂ္ဂအတွင်း သူတို့ရဲ့ပေါင်းစည်းရေးဟာ အမျိုးသားရေးဝါဒီဘက်ကို ယိမ်းယိုင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ခံစားချက်တွေအောက်ကို ရောက်ခဲ့ပါတယ်။

စလိုဗက်ကီးယားရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနဲ့ ပိုလန်တို့ဟာ လူဝင်မှုကြီးကြပ်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂနဲ့ သဘောမတူဘဲ အငြင်းပွားနေပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံ ရောမမြို့တော်ကို  စက်တင်ဘာ ၁၅ ရက်မှာ မပြန်ခင် စလိုဗက်ကီးယားနိုင်ငံအတွင်း မြို့ ၄ မြို့ဆီ သွားရောက်လည်ပတ်ဦးမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

7 mins Ago

August 30, 2020

ဥရောပနိုင်ငံအချို့တွင် ကိုရိုနာကပ်ဘေးထိန်းချုပ်မှုကို ဆန့်ကျင်ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးထိန်းချုပ်ရေး ဥရောပနိုင်ငံအချို့က အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သြဂုတ် ၂၉ ရက်မှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။  “ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်က ရဲတွေက ရာနဲ့ ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းခဲ့တယ်။ လက်ယာအစွန်းရောက်ဝါဒီ ၂ ထောင်၊ ၃ ထောင်လောက်က ရုရှားသံရုံးအပြင်ဘက်မှာ ရဲတွေနဲ့ ရုန့်ရင်း ဆန်ခတ်ဖြစ်ခဲ့တယ်” လို့ လွှတ်တော်အမတ် တစ်ယောက်က ပြောပါတယ်။  ရုရှားသံရုံးရှေ့မှာ ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲက လူအယောက် ၂၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။   အဲဒီတနေ့အတွင်း ရဲအဖမ်းခံရသူ အယောက် ၃၀၀ လောက် ရှိခဲ့ပြီး ဆန္ဒပြပွဲကို လူ ၃၅၀၀၀ နဲ့ ၃၈၀၀၀ ကြား တက်ရောက်ခဲ့တယ်လို့ အမတ်က သတင်းထောက်တွေကို ပြောပါတယ်။  ဘာလင်မြို့အစိုးရက မြို့တွင်း ဆန္ဒပြခွင့်ကို ဒီသီတင်းပတ် အစောပိုင်းမှာ တားမြစ် ပိတ်ပင်ခဲ့ပေမယ့် ဂျာမန်ဒေသန္တရတရားရုံးက အစောပိုင်း ဆုံးဖြတ်ချက်ကို ကျော်လွှား အာဏာ တည်စေမှု အခွင့်အရေးကို သုံးပြီး ဆန္ဒပြပွဲတွေကို ခွင့်ပြုခဲ့ပါတယ်။ ပြင်သစ်မြို့တော် ပါရီမှာလည်း ဆန္ဒပြသူ အယောက် ၂၀၀ လောက် သြဂုတ် ၂၉ ရက်မှာ စုရုံးခဲ့ကြပြီး ပါးစပ်နှာခေါင်းစည်း မဝတ်ဘဲ နေခွင့်ကို တောင်းဆိုရင်း ကိုဗစ်-၁၉ ကူးစက်မှု ရပ်တံ့ ရေး တခြားလုပ်ဆောင်ချက်တွေကို ဆန့်ကျင်ကြောင်း ပြောခဲ့ကြပါတယ်။  “ကျန်းမာရေးအာဏာရှင်စနစ်ကို လုံးဝငြင်းတယ်။ကျနော်တို့ ကလေးတွေကို အသက်ရှူခွင့် ပေးရအောင်” စတဲ့ ကြွေးကြော်သံတွေကို ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်စွဲခဲ့ကြပါတယ်။ ပါရီမြို့တော်မှာ သောကြာမနက်ကစပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာအားလုံးမှာ ပါးစပ် နှာခေါင်းစည်း မဖြစ်မနေ တပ်ဖို့ အမိန့်စတင် အသက်ဝင်ပါတယ်။ ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်က ထရာဖယ်ဂါရင်ပြင်မှာလည်း ရာချီတဲ့ဆန္ဒပြသူတွေ သြဂုတ် ၂၉ ရက်မှာ စုရုံးခဲ့ကြပြီး ဗြိတိန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး လုပ်ဆောင်ချက်တွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။   ဗြိတိန်အစိုးရက မိတ်ဆက်တဲ့ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်ချက်တရပ်အဖြစ် ဆန္ဒပြပွဲကို စီစဉ်သူတွေက ရှုမြင်ထားကြပါတယ်။   ဗြိတိန်မှာ သြဂုတ် ၂၉ ရက်အထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၁၄၈၆ ယောက်နဲ့ အတည်ပြု လူနာ ၃၆၂၀၀၀ ကျော်ရှိခဲ့ပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up