close

ဥရောပဝင်ခွင့်

close

February 11, 2022

ဝုဗ်ကို အနိုင်ရခဲ့သည့် အာဆင်နယ် ဥရောပဝင်ခွင့်အတွက် အခြေအနေကောင်းလာ

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ဝုဗ်ကိုတစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဥရောပဝင်ခွင့်ရဖို့ အခြေအနေကောင်းသွားပါတယ်။ 

အာဆင်နယ်ဟာ ပွဲချိန် ၆၉ မိနစ်မှာ မာတင်နယ်လီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၁ဝ ယောက်တည်းနဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ဂိုးကို ထိန်းခဲ့တာပါ။ 

မာတင်နယ်လီဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြစ်ဒဏ် ၂ ကြိမ်ဆက်တိုက်ကျူးလွန်ခဲ့လို့ ဒိုင်လူကြီးက ၂ ဝါပြပြီး ထုတ်ပယ်ခဲ့တာပါ။ 

ဒီနိုင်ပွဲကြောင့် အာဆင်နယ်က မန်ယူနဲ့ ရမှတ်တူပေမယ့် တစ်ပွဲလျော့ ကစားထားပြီး အဆင့် ၅ နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်ဟာ အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ တစ်မှတ်ကွာနေပေမယ့်  ၂ ပွဲလျော့ကစားထားလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာအတွက်လည်း အခြေအနေ ကောင်းသွားခဲ့တာပါ။ 

တခြားပွဲစဉ်မှာတော့ လီဗာပူးက လက်စတာကို ၂ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဒီယေဂိုဂျိုတာက ၂ ဂိုးစလုံးသွင်းခဲ့ပြီး ကစားသမားသစ် လူးဝစ်ဒီယက်ဇ်က မိနစ် ၉ဝ အထိ ပါဝင်ကစားသွားခဲ့သလို ဆာလာလည်း လူစားဝင်ကစားခဲ့ပါတယ်။ 

7 mins Ago

July 7, 2020

ဥရောပဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်အားလုံး အနိုင်ကစားရန်လိုအပ်ဟု အာတီတာပြော

ဥရောပဝင်ခွင့်အတွက် လက်ကျန်ပွဲစဉ်အားလုံးအနိုင်ကစားပြီး စောင့်ကြည့်နေရုံပဲရှိတယ်လို့ အာဆင်နယ် နည်းပြအာတီတာက ပြောလိုက်ပါတယ်။  အာဆင်နယ်အသင်းဟာ လက်ကျန် ၅ ပွဲအလိုမှာ ယူရိုပါလိဂ်ဝင်ခွင့်နေရာနဲ့ ၃ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၈ မှတ်ကွာဟနေတာပါ။  တပွဲချင်းစီ အနိုင်ကစားသွားရမှာဖြစ်ပေမဲ့ လက်ကျန်ပွဲစဉ်တွေ အနိုင်ရအောင်ကစားဖို့ လိုအပ်သလို တခြားအသင်းတွေရဲ့ရလဒ်ကိုလည်း စောင့်ကြည့်ရမယ်လို့ နည်းပြအာတီတာ က ပြောပါတယ်။  အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ လက်စတာ၊ စပါး၊ လီဗာပူးအသင်းတွေနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာပါ။ လက်ရှိအသင်းရဲ့ခြေစွမ်းကို ဆက်ထိန်းပြီး အဲဒီပွဲစဉ်တွေအတွက် အစွမ်းကုန်လေ့ကျင့်ပြင်ဆင်သွားရမယ်လို့လည်း အာတီတာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  အပြောင်းအရွှေ့သတင်းထွက်နေတဲ့ တိုက်စစ်မှူး လာကာဇက်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လည်း အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိကြောင်း အာတီတာက ပြောပါတယ်။
2 years Ago
Up