close

၁၈ ဦး သေဆုံး

close

February 18, 2023

ဘူဂေးရီးယားနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသည့်ကားပေါ် လူ ၁၈ ဦး သေဆုံး

ဘူဂေးရီးယားနိုင်ငံ၊ မြို့တော်ဆိုဖီယာအနီးအနားက လိုကော်စ်ကိုကျေးရွာအနီးရှိ စွန့်ပစ်ထားတဲ့ ထရပ်ကားတစ်စီးထဲမှာ ကလေးငယ်တယောက် အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီထရပ်ကားဟာ သစ်တွေ သယ်လာတာ ဖြစ်ပြီးတော့ ကွန်တိန်နာအကန့်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အယောက် ၄၀ လောက်ကို တင်ဆောင်လာတာလို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကလေး ၅ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၄ ဦးကို ဆိုဖီယာရှိ ဆေးရုံတွေကို အမြန်ပို့ဆောင်ခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီး အဆန်မဒ်ဇီဒီယဗ်က ပြောပါတယ်။

ဒီထရပ်ကားမှာ သော့ခတ်ပိတ်လှောင်ခံထားရသူတွေအတွက် အောက်ဆီဂျင်ပြတ်လပ်မှု ရှိခဲ့ပြီး လူနာတွေဟာ အေးခဲ၊ စိုစွတ်နေပြီးတော့ ရက်ပေါင်းများစွာ အစာမစားရသေးကြောင်းလည်း ဝန်ကြီး မဒ်ဇီဒီယဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတချို့ကတော့ စိုးရိမ်ရပေမယ့် အခြေအနေ တည်ငြိမ်ကြောင်းလည်း သူက ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကုန်တင်ယာဉ်မောင်းကို ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။ 

2 mins Ago

January 22, 2020

ရုရှားဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ၁၈ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇန်နဝါရီ ၂၁ ရက်က ရုရှား ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၈ ယောက် သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောခဲ့ပါတယ်။  သေဆုံးသူတွေထဲမှာ အလက်ပိုမြို့အနောက်ဘက် ကီဖာတာလ်ရွာက လူ ၈ ယောက်ရှိတဲ့ မိသားစုလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။  သူပုန်တွေရှိတဲ့ ကျေးလက်ဒေသတွေကို ရုရှားနဲ့ ဆီးရီးယားအစိုးရ စစ်လေယာဉ်တွေ တိုက်ခိုက်တာကြောင့် တခြားအရပ်သား ၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  ရုရှား ဦးဆောင်ပြီး ဒီဇင်ဘာက စတင်တဲ့ စစ်ဆင်ရေးကြောင့် သူပုန်တွေရှိတဲ့ ကျေးလက်ဒေသတွေ အထိနာခဲ့ပါတယ်။  ရုရှားနဲ့ ဆီးရီးယားအစိုးရတွေက အရပ်သားတွေကို ဗုံးကြဲတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ဟာ ဂျီဟတ်စစ်သွေးကြွတွေကို တိုက်ထုတ်နေတာလို့ ပြောခဲ့ပါတယ်။  ဂျီဟတ်စစ်သွေးကြွတွေကတော့ ရုရှားနဲ့ ဆီးရီးယားအစိုးရဟာ အလက်ပိုမြို့က အရပ်သားတွေကို တိုးမြှင့်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။  သူပုန်ရှင်းလင်းရေးလုပ်တဲ့ အစိုးရထိုးစစ်ကြောင့် လူတွေ သောင်းချီပြိး တူရကီနယ်စပ်ကို ထွက်ပြေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up