close

၂၀၂၆ ကမ္ဘာ့ဖလား

close

March 28, 2023

၂၀၂၆ ကမ္ဘာ့ဖလားမှာ ကလပ်အသင်းတွေကို ပေါင်သန်း ၂၉၀ အထိ ဖီဖာက စံချိန်တင်ပေးမည်

လာမယ့် ၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတွေစေလွှတ်ပေးမှုအတွက် ကလပ်အသင်းတွေကို ဖီဖာက ပေါင်သန်း ၂၉၀ အထိ စံချိန်တင်ငွေကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဖီဖာလို့ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကစားသမားတွေ စေလွှတ်ပေးခဲ့တဲ့ ကလပ်တွေအားလုံးအတွက် စုစုပေါင်း ပေါင် ၁၆၉ သန်းပေးချေခဲ့ရပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၀ ကမ္ဘာ့ဖလားကနေ စတင်တာဖြစ်ပြီး ကစားသမားတွေ စေလွှတ်ပေးရတဲ့ နေ့ရက်ကနေ ကစားပြီးတဲ့ရက်အထိ တွက်ချက်ပြီးပေးချေတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ကစားသမားတွေစေလွှတ်ပေးခဲ့မှုအတွက် မန်စီးတီးအသင်းက အများဆုံးရရှိခဲ့ပြီး ပေါင် ၄ သန်းခွဲရရှိခဲ့တာပါ။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသင်းအရေအတွက် ၄၈ သင်းအထိ တိုးမြှင့်ကျင်းပမှာဖြစ်လို့  ပွဲစဉ်အရေအတွက်ဟာလည်း ၆၄ ပွဲ ကနေ ၁၀၄ ပွဲအထိရှိလာမှာပါ။

အဲဒီအတွက် ၂၀၂၂ ကမ္ဘာ့ဖလားထက် ၇၅ ရာခိုင်နှုန်းအထိ ပိုမိုပေးချေရမှာဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၂၉၀ အထိ ကလပ်အသင်းတွေကို ပေးချေသွားရဖို့ရှိတာဖြစ်ပါတယ်။

1 hour Ago

March 15, 2023

၂၀၂၆ ကမ္ဘာ့ဖလားကို ၄ သင်းတစ်အုပ်စုစနစ်ဖြင့် ဆက်လက်ကျင်းပရန် ဖီဖာဆုံးဖြတ်

ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ၄၈ သင်းနဲ့ ကျင်းပမှာ ဖြစ်ပေမယ့် အရင်နှစ်တွေကလို လေးသင်းတစ်အုပ်စု စနစ်နဲ့ ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

မူလက အသင်းအရေအတွက်တိုးမြှင့်လာမှုကြောင့် သုံးသင်းတစ်အုပ်စုစနစ်နဲ့ ကျင်းပဖို့စီစဉ်ထားခဲ့ တာပါ။

သုံးတစ်သင်းတစ်အုပ်စုနဲ့ ကျင်းပမယ်ဆိုရင် ၁၆ အုပ်စုအထိ ရှိသွားမှာဖြစ်လို့ အုပ်စုအရေ အတွက်လျော့ချပြီး လေးသင်းတစ်အုပ်စုနဲ့ အုပ်စု ၁၂ ခု ခွဲဝေသွားမှာဖြစ်ပါတယ်။

လေးသင်းပါ အုပ်စု ၁၂ ခုထဲကနေ အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းအပြင် အကောင်းဆုံး အုပ်စုတတိယ ၈ သင်းဟာလည်း ၃၂ သင်းအဆင့်ကို တက်ရောက်ခွင့်ရမှာပါ။

ဖီဖာအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်ကနေ စတင်ပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၃၂ သင်းနဲ့ လေးနှစ်တစ်ကြိမ် ကျင်းပသွားဖို့လည်းဆုံးဖြတ်ခဲ့ပါတယ်။

လေးနှစ်အတွင်းမှာ တိုက်ကြီးများအလိုက်ချန်ပီယံ ၄ သင်းစီက ကလပ်ကမ္ဘာ့ဖလားဝင်ခွင့်ရ မှာဖြစ်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ မြောက်အမေရိကဇုန်ကိုယ်စားပြု ကနေဒါ၊ အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

2 weeks Ago
Up