၂၀၂၆ ကမ္ဘာ့ဖလားမှာ ကလပ်အသင်းတွေကို ပေါင်သန်း ၂၉၀ အထိ ဖီဖာက စံချိန်တင်ပေးမည်

လာမယ့် ၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားတွေစေလွှတ်ပေးမှုအတွက် ကလပ်အသင်းတွေကို ဖီဖာက ပေါင်သန်း ၂၉၀ အထိ စံချိန်တင်ငွေကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဖီဖာလို့ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကစားသမားတွေ စေလွှတ်ပေးခဲ့တဲ့ ကလပ်တွေအားလုံးအတွက် စုစုပေါင်း ပေါင် ၁၆၉ သန်းပေးချေခဲ့ရပါတယ်။
ဒီအစီအစဉ်ကို ၂၀၁၀ ကမ္ဘာ့ဖလားကနေ စတင်တာဖြစ်ပြီး ကစားသမားတွေ စေလွှတ်ပေးရတဲ့ နေ့ရက်ကနေ ကစားပြီးတဲ့ရက်အထိ တွက်ချက်ပြီးပေးချေတာပါ။
၂၀၂၂ ကမ္ဘာ့ဖလားမှာ ကစားသမားတွေစေလွှတ်ပေးခဲ့မှုအတွက် မန်စီးတီးအသင်းက အများဆုံးရရှိခဲ့ပြီး ပေါင် ၄ သန်းခွဲရရှိခဲ့တာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသင်းအရေအတွက် ၄၈ သင်းအထိ တိုးမြှင့်ကျင်းပမှာဖြစ်လို့ ပွဲစဉ်အရေအတွက်ဟာလည်း ၆၄ ပွဲ ကနေ ၁၀၄ ပွဲအထိရှိလာမှာပါ။
အဲဒီအတွက် ၂၀၂၂ ကမ္ဘာ့ဖလားထက် ၇၅ ရာခိုင်နှုန်းအထိ ပိုမိုပေးချေရမှာဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၂၉၀ အထိ ကလပ်အသင်းတွေကို ပေးချေသွားရဖို့ရှိတာဖြစ်ပါတယ်။