လာမယ့် ၂၀၂၅ ခုနှစ်ကစတင်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် ၃၂ သင်း အထိတိုးမြှင့်ကျင်းပမယ့်အပေါ် အင်္ဂလန်နောက်ခံလူဟောင်းကာရေဂါကဝေဖန်ပါတယ်။
ဖီဖာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိအချိန်မှာ အသင်း ၇ သင်းနဲ့ ကျင်းပနေတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ကနေစတင်ပြီး ၄ နှစ်တစ်ကြိမ်ကျင်းပမယ့် ဖီဖာရဲ့အစီအစဉ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ်တစ်ကြိမ် ကျင်းပမယ်ဆိုတဲ့ စိတ်ကူးလိုပဲ အဓိပ္ပါယ်မရှိတဲ့အစီအစဉ်ဖြစ်ကြောင်း ကာရေဂါက အပြင်းအထန်ဝေဖန်ခဲ့တာပါ။
ကလပ်အသင်း ၃၂ သင်းအထိ တိုးမြှင့်ကျင်းပမယ့်အစီအစဉ်ဟာ ကစားသမားတွေကို တိရစ္ဆာန်တွေလို သဘောထားတာဖြစ်ပြီး သူတို့အတွက် အလွန်အမင်း ပွဲပန်းစေနိုင်လို့ ဥရောပထိပ်တန်းအသင်းတွေဘက်က သပိတ်မှောက်ကြဖို့ ကာရေဂါကတိုက်တွန်းသွားပါတယ်။