close

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းပါဝင်ကျင်းပမည့် ဖီဖာ၏အစီအစဉ်ကို ကာရေဂါဝေဖန်

လာမယ့် ၂၀၂၅ ခုနှစ်ကစတင်ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် ၃၂ သင်း အထိတိုးမြှင့်ကျင်းပမယ့်အပေါ် အင်္ဂလန်နောက်ခံလူဟောင်းကာရေဂါကဝေဖန်ပါတယ်။

ဖီဖာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိအချိန်မှာ အသင်း ၇ သင်းနဲ့ ကျင်းပနေတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်ကနေစတင်ပြီး ၄ နှစ်တစ်ကြိမ်ကျင်းပမယ့် ဖီဖာရဲ့အစီအစဉ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂ နှစ်တစ်ကြိမ် ကျင်းပမယ်ဆိုတဲ့ စိတ်ကူးလိုပဲ အဓိပ္ပါယ်မရှိတဲ့အစီအစဉ်ဖြစ်ကြောင်း ကာရေဂါက အပြင်းအထန်ဝေဖန်ခဲ့တာပါ။

ကလပ်အသင်း ၃၂ သင်းအထိ တိုးမြှင့်ကျင်းပမယ့်အစီအစဉ်ဟာ ကစားသမားတွေကို တိရစ္ဆာန်တွေလို သဘောထားတာဖြစ်ပြီး သူတို့အတွက် အလွန်အမင်း ပွဲပန်းစေနိုင်လို့  ဥရောပထိပ်တန်းအသင်းတွေဘက်က သပိတ်မှောက်ကြဖို့ ကာရေဂါကတိုက်တွန်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up