မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အစပ်မှာ စက်တင်ဘာ ၁၅ ရက်နေ့မနက်ပိုင်းက YDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရသွားတယ်လို့ YDF က ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်နဲ့ကလေးမြို့နယ်အစပ်က ကျောက်ပြုတ်ကျေးရွာ တောင်ဘက်မှာ စက်တင်ဘာ ၁၅ ရက် မနက် ၈ နာရီလောက်က YDF တပ်ဖွဲ့နဲ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးတဲ့သူ ၄ ယောက်အနက် ၂ ယောက်ဟာ စစ်တပ် ယူနီဖောင်းတွေဝတ်ထားတဲ့ ပျူစောထီးတွေလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမယ့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ဘက်က အထိအခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၄ ဦး ထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြရည်နန္ဒာအိမ်ရာအနီးကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက မတ် ၂၂ ရက် မနက်အစောပိုင်းမှ စတင်ကာ ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးအပါအဝင် လူ ၄ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက်စစ်အုပ်စုက မြရည်နန္ဒာ၊ အောင်သာယာ တစ်လျှောက်အား မတ်လ ၂၁ ညပိုင်းက စတင်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက် စမွန်းရပ်ကွက်မှာလည်း မတ် ၂၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ရပ်ကွက်လုံခြုံရေးဆောင်ရွက်နေတဲ့ အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတစ်ဦးရဲ့ ရုပ်အလောင်းကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက မတ်လ ၂၁ ရက်နေ့ ညအချိန်မှာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
Photo-Kaung Zaw Hein/ MPA