close

ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အစပ်မှာ စက်တင်ဘာ ၁၅ ရက်နေ့မနက်ပိုင်းက YDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရသွားတယ်လို့ YDF က ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်နဲ့ကလေးမြို့နယ်အစပ်က ကျောက်ပြုတ်ကျေးရွာ တောင်ဘက်မှာ စက်တင်ဘာ ၁၅ ရက် မနက် ၈ နာရီလောက်က YDF တပ်ဖွဲ့နဲ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးတဲ့သူ ၄ ယောက်အနက် ၂ ယောက်ဟာ စစ်တပ် ယူနီဖောင်းတွေဝတ်ထားတဲ့ ပျူစောထီးတွေလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမယ့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ဘက်က အထိအခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up