ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါနဲ့ ပုသိမ်ဆေးရုံကြီးမှာ ကုသမှုခံယူနေသူ ၂ ဦး အောက်တိုဘာ ၂၀ ရက်က ကွယ်လွန်သွားကြောင့် ပုသိမ်မြို့လူမှုရေးအဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပုသိမ်ဆေးရုံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
"ကိုဗစ်က ဖြစ်တာရှိတယ်၊ အခုက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ။ နေမကောင်းသူတွေ လူများတဲ့နေရာတွေ လာရင် နှာခေါင်စည်းတတ်လာတာတို့ လုပ်စေချင်တာ။ ကိုယ်ခံအားမကောင်းသူတွေ၊ ရောဂါအခံရှိသူတွေအတွက် ကူးသွားနိုင်တာ။ တတိယလှိုင်းက ကိုဗစ်ကြောင့် သေတာများတယ်” လို့ ပုသိမ်မြို့ လူမှုရေးအဖွဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှု ပုသိမ်မှာ အများဆုံးဖြစ်ပွားပြီး အောက်တိုဘာလထဲ ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာပြီလို့ ပုသိမ်မြို့ လူမှုရေးအဖွဲ့အစည်းတခုက ပြောပါတယ်။
ကိုဗစ်တတိယလှိုင်းကာလ ပုသိမ်မြို့မှာ ကူးစက်မှုနှုန်းများပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။
ရုရှားကိုလိုလားတဲ့တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒန်ညက်စ်မြို့မှာ စက်တင်ဘာ ၁၇ ရက် က ပစ်ခတ်မှုကြောင့် မြို့တော်အလယ်ပိုင်းမှာ လူလေးဦး သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ပြင်သစ်လုပ် ဆီဇာဟော့ဝစ်ဇာခွံ အပိုင်းအစတွေကို တွေ့ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံ ဆယ်ကြိမ် ကြားခဲ့ရတယ်လို့ ဒန်ညက်စ် ဒေသခံတယောက်က ပြောပါတယ်။
အဲဒီနေ့မှာပဲ ရုရှားစစ်သားတွေဟာ အဗ်ဒစ်ဗ်ကာဒေသက ယူကရိန်းတပ်ဖွဲ့တွေကို မော်တာတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်အတွင်း ယူကရိန်းတပ်ဖွဲ့တွေဟာ ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသက ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ယူကရိန်းနိုင်ငံ အရှေ့ဘက်နဲ့ တောင်ဘက်မှာ ချဲ့ထွင်ဖို့ ရုရှားက လူဟန့်စ်နဲ့ ဒန်ညက်စ် ပြည်နယ်တွေမှာ တပ်ဖွဲ့တွေကို လအတော်ကြာ စုစည်းထားပါတယ်။