ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်မြို့ ပစ်ခတ်မှု၌ ၄ ဦး သေဆုံး

ရုရှားကိုလိုလားတဲ့တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒန်ညက်စ်မြို့မှာ စက်တင်ဘာ ၁၇ ရက် က ပစ်ခတ်မှုကြောင့် မြို့တော်အလယ်ပိုင်းမှာ လူလေးဦး သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ပြင်သစ်လုပ် ဆီဇာဟော့ဝစ်ဇာခွံ အပိုင်းအစတွေကို တွေ့ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံ ဆယ်ကြိမ် ကြားခဲ့ရတယ်လို့ ဒန်ညက်စ် ဒေသခံတယောက်က ပြောပါတယ်။
အဲဒီနေ့မှာပဲ ရုရှားစစ်သားတွေဟာ အဗ်ဒစ်ဗ်ကာဒေသက ယူကရိန်းတပ်ဖွဲ့တွေကို မော်တာတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
မကြာသေးခင် သီတင်းပတ်အတွင်း ယူကရိန်းတပ်ဖွဲ့တွေဟာ ယူကရိန်း အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသက ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ယူကရိန်းနိုင်ငံ အရှေ့ဘက်နဲ့ တောင်ဘက်မှာ ချဲ့ထွင်ဖို့ ရုရှားက လူဟန့်စ်နဲ့ ဒန်ညက်စ် ပြည်နယ်တွေမှာ တပ်ဖွဲ့တွေကို လအတော်ကြာ စုစည်းထားပါတယ်။