close

၆ တန်းကျောင်းသား

close

December 20, 2022

ကန့်ဘလူတွင် ၆ တန်းကျောင်းသားတဦးအား စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းက ဇီးပင်သာရွာအား  စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးတွေ မနေ့ညက ဝင်ရောက်စီးနင်း မီးရှို့ပြီး အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား တဦးအား ပစ်သတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ လောက်ဟာ ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ဇီးပင်သာရွာအား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းပြီး အခုလို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"မပြေးသာဘူးဗျ၊ မနေ့က ညဘက်ကြီးဝင်လာတော့ မီးရှို့ ပစ်ခတ်ပြီး ပြန်ထွက်သွားတယ်။ ကလေးအိမ်လည်း မီးရှို့ခံရတယ်။ ကလေးက အိမ်သာနားပုန်းနေတာ ပစ်သတ်ခံရတယ်လို့ သိရတယ်" လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ၆ တန်းကျောင်းသားမှာ ဆေးကုသမှု မပေးနိုင်ခင် နေရာမှာပဲ သေဆုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်မှာ စစ်ကောင်စီအာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီမှ စတင်ပြီး ဒီနေ့အချိန်ထိ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၈၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

8 hours Ago

November 14, 2021

နတ်တလင်းတွင် ၆ တန်းကျောင်းသား ၁ ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ပစ်ခတ်

ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်၊  တောင်ညိုမြို့သစ်မှာ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်က တောင်ညိုရဲစခန်းရှေ့ကနေ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖာ်လိုတဲ့ တောင်ညိုဒေသခံတဦးက “ရဲစခန်းရှေ့က ဆိုင်ကယ်စီးသွားတဲ့ကလေးကို စခန်းထဲကနေ သေနတ်နဲ့ပစ်တာ ၂ ချက်ပဲ။ ကလေးရဲ့ ရင်ဘတ်ကို ကျည်မှန်သွားတာ ကလေးက အသက်အန္တရာယ် တော့ စိုးရိမ်ရလို့ ပြည်ဆေးရုံကို ပို့လိုက်ရတယ်” လို့ ပြောပါတယ်။

မောင်ပိုပို ရဲ့ မိဘတွေဟာ တောင်ညိုမြို့သစ်၊ အောင်ဇေယျာ ၇ လမ်းမှာနေထိုင်ကြပြီး အသက် ၁၃ နှစ်အရွယ် မောင်ပိုပိုဟာ အ.ထ.က အောင်ဇေယျာစာသင်ကျောင်း၊ ဆဋ္ဌမတန်းမှာ ပညာသင်ကြားပညာသင်ကြားနေတဲ့ ကျောင်းသား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးက ကျောင်းဆင်းပြီး အပြင်ကိုမုန့်ထွက်ဝယ်တာ။ အဲ့တာကို ဘာမှမဆိုင်ဘဲ လှမ်းပစ်တာ” လို့ မောင်ပိုပိုရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

အဆိုပါ အကြောင်းမဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တောင်ညိုနယ်မြေရဲစခန်းရဲ့ တာဝန်ခံစခန်းမှူးဆီကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

1 year Ago
Up