close

Apple Daily သတင်းစာ

close

November 22, 2022

ဟောင်ကောင် သတင်းစာဝန်ထမ်းဟောင်း ၆ ဦး ပြည်ပအင်အားစုနှင့် ပူးပေါင်းလျှို့ဝှက်ကြံစည်ခဲ့ဟု ဝန်ခံ

ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားတဲ့ Apple Daily သတင်းစာရဲ့  ဝန်ထမ်းဟောင်း ၆ ဦးဟာ အကြီးမားဆုံးသော အမျိုးသားလုံခြုံရေးကိစ္စတခုဖြစ်တဲ့ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လျှို့ဝှက်ကြံစည်ခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်မှာ အပြစ်ဝန်ခံခဲ့ပါတယ်။

အဲဒီ ၆ ဦးဟာ သတင်းစာပိုင်ရှင်ဟောင်း အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့သူ ချောင်ကင်ဟွန်၊ နောက်ပိုင်း ဒစ်ဂျစ်တယ် Apple Daily ရဲ့ တွဲဖက်ထုတ်ဝေသူဟောင်း ချန်ဖီးမန်၊ အယ်ဒီတာချုပ်ဟောင်း ရိုင်ယန်လော၊ အမှုဆောင်အယ်ဒီတာချုပ်ဟောင်း လမ်မန်ချုံး၊ အင်္ဂလိပ်ပိုင်းထုတ်ဝေမှု အယ်ဒီတာချုပ် ဖုန်းဝေကောင်းနဲ့ အယ်ဒီတာ့အာဘော် စာရေးဆရာ ယန်းကျန့်ချီတို့ ဖြစ်ပါတယ်။

သူတို့ဟာ ပြည်ပနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ တောင်းဆိုတာနဲ့ ၂၀၂၀ ဇူလိုင်လကနေ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဟောင်ကောင်နဲ့ တရုတ်အစိုးရတွေကို ဆန့်ကျင်တဲ့ တခြားရန်လိုတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ မီဒီယာသူဌေးကြီး ဂျင်မီလိုင်နဲ့ တခြားသူတွေကို ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူတို့ ၆ ယောက်အပြင် တရားမဝင် စုဝေးမှုမှာ ပါဝင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ထောင်ကျနေပြီဖြစ်တဲ့ ဂျင်မီလိုင်တို့ကို ပေကျင်းက ၂၀၂၀ ခုနှစ်မှာ ချမှတ်ထားတဲ့ လုံခြုံရေးဥပဒေသစ်အရ တရားစွဲဆိုထားပါတယ်။

9 mins Ago

July 22, 2021

Apple Daily သတင်းစာအယ်ဒီတာချုပ်ကို ဟောင်ကောင်ရဲဖမ်းဆီး

ဟောင်ကောင်ရဲတွေဟာ Apple Daily နေ့စဉ်ထုတ်သတင်းစာရဲ့ အမှုဆောင် အယ်ဒီတာချုပ်ကို ဇူလိုင် ၂၁ ရက်မနက်က ဖမ်းဆီးလိုက်ပါတယ်။

ဒါဟာ မီဒီယာလုပ်ငန်းရှင် သူကြွယ်ကြီး ဂျင်မီလိုင်ရဲ့ သတင်းစာကို နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွင်း နောက်ဆုံး ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

သတင်းစာ အယ်ဒီတာဟောင်း လမ်မဲန်ချန်ဟာ လတ်တလော သီတင်းပတ်တွေအတွင်း ဒီသတင်းစာရဲ့ ၈ ယောက်မြောက် အဖမ်းခံရတဲ့ အကြီးတန်းဝန်ထမ်း ဖြစ်လာပါတယ်။

လူကြိုက်များတဲ့ အတင်းအဖျင်း သတင်းစာဖြစ်တဲ့ Apple Daily သတင်းစာတိုက်ကို ဇွန် ၁၇ ရက်က ရဲတွေ ရာပေါင်းများစွာ စီးနင်းအပြီး အင်အားသုံး ပိတ်ခိုင်းတာ ခံခဲ့ရပါတယ်။ အဓိက ပိုင်ဆိုင်မှုတွေနဲ့ ဘဏ်စာရင်းတွေကိုလည်း ပိတ်သိမ်းခဲ့တာပါ။ ဒီသတင်းစာဟာ ဇွန် ၂၄ရက်က နောက်ဆုံး ပုံနှိပ်ခဲ့ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကရော Apple Daily ကို ပိုင်တဲ့ Next Digital မီဒီယာအုပ်စုကပါ  မှတ်ချက်တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။ 

သတင်းစာက ဖြန့်ချိတဲ့ ဆောင်းပါးတချို့ဟာ  တရုတ်ပြည်မကြီးက ချမှတ်ထားတဲ့ နိုင်ငံတော် လုံခြုံရေးဥပဒေကို ချိုးဖောက်ကောင်း ချိုးဖောက်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကျန်ခဲ့တဲ့ ဇွန်လက စတင် မိတ်ဆက်တဲ့ ဥပဒေဟာ သဘောထား ကွဲလွဲသူတွေကို နှိမ်နင်းဖို့ အသုံးချ ခံနေရပြီး ဟောင်ကောင်ရဲ့ အခြေခံလွတ်လပ်ခွင့်ကို တိုက်စားနေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

1 year Ago
Up