close

BGF ကင်းစခန်း

close

July 22, 2022

မြဝတီမြို့အနီး BGF ကင်းစခန်း ၁ ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့  ၂ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ  BGF နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းတစ်ခုကို  အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က  ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ပစ်ခတ်တိုက်ခိုက်  သိမ်းပိုက်သွားတယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

BGF တပ်ဖွဲ့ဝင် ၇ ယောက်လောက်ရှိတဲ့  တုံးတံတား (ခ) ပွင့်လင်းအေးမြိုင်စခန်းလို့ လူသိများတဲ့ ကင်းစခန်းကို  အမည်မသိ လက်နက်ကိုင်အဖွဲ့က အင်အား ၄၀ လောက်နဲ့ ရောက်လာပြီး  စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ BGF တပ်သား တယောက် ပွဲချင်းပြီးသေဆုံး၊ ၂ ယောက် အရှင်ဖမ်းဖိကာ၊   ၄ ယောက်ကတော့  BGF တပ်ဖွဲ့သို့ ပြန်လည်ထွက်ပြေးသွားတယ်လို့ သတင်းထွက်နေပြီး  ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး  အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာ  စစ်ကောင်စီလက်အောက်ခံ BGF တပ်ထံကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။

BGF တပ်ဖွဲ့က စစ်ကူတွေကတော့ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရသလို စစ်ကောင်စီ လက်နက်ကြီးတပ်ဖွဲ့ကလည် ဒီနေ့ည ၈ နာရီလောက်အထိ  လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့  ကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

10 hours Ago

April 16, 2022

ကျိုက်မရောမြို့နယ်တွင် BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံတံတား(ချောင်းနှစ်ခွ)မှာ ဧပြီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်က   စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း တိုက်ခိုက်ခံရပြီး BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

BGF ကင်းစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် BGF တပ်ဖွဲ့ ၅ ဦး သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ ချောင်းနှစ်ခွ သုသာန်ကို ပို့ဆောင်ပေးထားတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။

BGF ကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အတ္တရံတံတား(ချောင်းနှစ်ခွ)မှာ အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး လုံခြုံရေး တင်းကျပ်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကလည်း ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီ ရဲကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ PDF ပူးပေါင်းအဖွဲ့က လာရောက် တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ ၁ ဦး သေဆုံးပြီး  ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

3 months Ago
Up