close

BTS

close

April 19, 2023

တောင်ကိုရီးယား ကေပေါ့ပ် BTS အဖွဲ့ဝင် ဂျေဟုပ် စစ်မှုထမ်းဆောင်

တောင်ကိုရီးယားနိုင်ငံက ဂရမ်မီဆုဆန်ကာတင်စာရင်းဝင် ကေပေါ့ပ်ဂီတအဖွဲ့တခုဖြစ်တဲ့ BTS အဖွဲ့ဝင်ဖြစ်သူ ဂျေဟုပ်ဟာ ဧပြီ ၁၈ ရက်မှာ စစ်မှုထမ်းဆောင်သွားပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ နောက်ထပ် BTS အဖွဲ့ဝင်ဖြစ်သူ ဂျင် ပြီးနောက် ဂျေဟုပ်က ဒုတိယမြောက် ဖြစ်လာခဲ့တာပါ။

ဆိုးလ်မြို့ကနေ ၅၄ မိုင်အကွာမှာရှိတဲ့ ဝန်ဂျူမြို့က စစ်မှုထမ်းအခမ်းအနား ကျင်းပရာနေရာကို ဂျေဟုပ်က ဗင်ကားတစီးနဲ့ တိတ်တဆိတ်သွားရောက်ခဲ့တယ်ဆိုပြီး ယွန်ဟပ် သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဂျေဟုပ်ရဲ့ အမည်ရင်းဖြစ်တဲ့ ဂျွန်ဟိုဆော့က “ကျနော် ပြန်လာမှာပါ” ဆိုပြီး ခေါင်းတုံးဆံပင်ပေါက် ဓာတ်ပုံတပုံနဲ့အတူ ဧပြီ ၁၇ ရက်က ပရိသတ်တွေရှိရာ Weverse ဆက်သွယ်ရေးပလက်ဖောင်းမှာ ပို့စ်တင်ခဲ့ပါတယ်။

ဂျေဟုပ်ရဲ့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားတဲ့အခါ ကောင်းမွန်စွာ ပြန်လာခဲ့ပါဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေါင်း ၁၀,၀၀၀ ကျော်နဲ့အတူ ဆုတောင်းပေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဆောင်ရပါတယ်။

ကျန်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်၊ ဗီနဲ့ ဂျောင်ကွတ်ခ် တို့ဟာလည်း လာမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စစ်မှုထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

6 mins Ago

April 5, 2023

BTS အဖွဲ့ဝင် ဂျီမင်၏ Like Crazy သီချင်း Billboard တွင်လူကြိုက်အများဆုံး နံပါတ် ၁ နေရာရ

K-Pop စူပါစတား BTS အဖွဲ့ဝင် ဂျီမင်ဟာ အမေရိကန်ထိပ်တန်းသီချင်းဇယားမှာ နံပါတ် ၁ နေရာကို ရခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယား အနုပညာရှင်အဖြစ် သမိုင်းဝင်ခဲ့ကြောင်း Billboard က ဧပြီ ၃ ရက်မှာ ကြေညာပါတယ်။

Like crazy သီချင်းဟာ အခုအပတ် Billboard ရဲ့ လူကြိုက်များတဲ့ သီချင်း ၁၀၀ မှာ နံပါတ် ၁ နေရာကို ရရှိခဲ့ပြီး ရှစ်ပတ်ကြာ ထိပ်တန်းနေရာမှာရှိနေတဲ့ မိုင်လီ ဆိုင်းရပ်စ်ရဲ့ Flowers သီချင်းကို ကျော်တက်သွားတာပါ။

ဂျီမင်ရဲ့ ပထမဆုံး တကိုယ်တော် အယ်ဘမ် Face သီချင်းဟာ ၁၉၅၈ ခုနှစ်က စတင်ခဲ့တဲ့ လူကြိုက်အများဆုံး သီချင်း ၁၀၀ ဇယားမှာ ထိပ်ဆုံးရောက်ရှိခဲ့တဲ့ ၆၆ ခုမြောက် သီချင်းဖြစ်ပြီး အမေရိကန် စတွင်းမင်း၊ ရေဒီယိုဖွင့်ခြင်းနဲ့ အရောင်းဒေတာအားလုံးကို ပေါင်းစပ်ထားတာလို့ အနုပညာအသိုင်းအဝိုင်းက ဆိုပါတယ်။

Face အယ်ဘမ်ဟာ Billboard ရဲ့ ပင်မအယ်ဘမ်ဇယား နံပါတ် ၂ နေရာမှာ စံချိန်တင်ခဲ့ပြီး သူဟာ တောင်ကိုရီးယား ဂီတအနုပညာရှင်တဦးရဲ့ အမြင့်ဆုံး အယ်လ်ဘမ်အဖြစ် ဒီဇင်ဘာလမှာ နံပါတ် ၃ နေရာရရှိခဲ့တဲ့ BTS အဖွဲ့ဝင် အာအမ်ရဲ့ Indigo ကို ကျော်ဖြတ်ခဲ့တယ်လို့ အနုပညာအရောင်းဆိုင်တွေက ထုတ်ပြန်ပါတယ်။

BTS အဖွဲ့ဟာ တောင်ကိုရီယားနိုင်ငံရဲ့ အကြီးမားဆုံး ယဉ်ကျေးမှုဖြစ်စဉ်တခုအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာတဝန်းဖျော်ဖြေပွဲတွေမှာ လက်မှတ်တွေရောင်းချကာ နိုင်ငံရဲ့ စီးပွားရေးအတွက် ဘီလီယံနဲ့ချီ ရရှိစေခဲ့တာဖြစ်ပါတယ်။

BTS အဖွဲ့မတိုင်ခင် တောင်ကိုရီယားရဲ့ ရက်ပ်အဆိုတော် ပီအက်စ်ဝိုင်ရဲ့ Gangnam Style သီချင်းဟာ ၂၀၁၂ ခုနှစ်မှာ နံပါတ် ၂ နေရာကို ရောက်ရှိခဲ့ကြောင်း Billboard က ထုတ်ပြန်ခဲ့ပါတယ်။

Source -The Guardian

2 weeks Ago
Up