close

campaign

close

January 11, 2022

လေကြောင်းတိုက်ခိုက်မှုဆန့်ကျင်ကန်ပိန်း "No Air Strike Campaign" တွင်ပါဝင်နိုင်

အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်တဲ့အနေနဲ့    No Air Strike Campaign မှာ ပြည်သူလူထုတွေအနေနဲ့ အတူဝင်ရောက်ပါဝင်ကြဖို့  People’s Radio Myanmar အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးက ပြည်သူပြည်သား တိုင်းရင်းသားညီအစ်မကိုမောင်နှမတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ် ခြိမ်းခြောက်နေတယ်လို့  ကမ်းပိန်းလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းအသုံးပြု တိုက်ခိုက်နေတာဟာ စစ်လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက သူတို့ချေမှုန်းရမယ့် ရန်သူတွေသဖွယ် သတ်မှတ်လုပ်ဆောင်နေတာလို့လည်းဆိုပါတယ်။

Campaign မှာပါဝင်ဖို့အတွက် Air Strike ကို ဆန့်ကျင်​ကြောင်း ပြသဖို့  လူကိုယ်တိုင်လုပ်ဆောင်နိုင်ရင် နမူနာအတိုင်းဖြစ်စေ ဒါမှမဟုတ် No Air Strike ပိုစတာပုံကို Copy ကူးပြီး  Hashtag ​ရေးသားကာ  မိမိဖေ့စ်ဘွတ်ခ်ပေါ် ပြန်လည်တင်​ပေးခြင်းအားဖြင့် ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

2 mins Ago

December 25, 2020

Stop COVID အဝါရောင် Campaign ပြုလုပ် (ဓာတ်ပုံ)

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ပြီး Stop COVID အဝါရောင် Campaign ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက  ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။  Covid-19 ကပ်ရောဂါ ရပ်တန့်သွားဖို့အတွက် ပြည်သူတွေ ပုံစံအသစ်နဲ့  ဘယ်သွားသွား  Mask တပ်ဖို့၊ မကြာခဏလက်ဆေးဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့အတွက်  Stop COVID အဝါရောင် Campaign  ပြုလုပ်ခဲ့တာပါ။ Stop COVID အဝါရောင် Campaign စာတမ်းပါ ဆိုင်းပုဒ်ကို မြို့တော်ခန်းမရှေ့မှာ စိုက်ထူခဲ့သလို အများပြည်သူသုံး YBS ယာဉ်တွေမှာ ပိုစတာတွေ ကပ်ပေးတာ၊ ပြည်သူတွေကို Mask ပေးဝေတာတွေနဲ့ ပိုစတာတွေကို ဖြန့်ဝေခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးတို့ တက်ရောက်ခဲ့ပါတယ်။  
1 year Ago
Up