လေကြောင်းတိုက်ခိုက်မှုဆန့်ကျင်ကန်ပိန်း “No Air Strike Campaign” တွင်ပါဝင်နိုင်

အကြမ်းဖက်လုပ်ရပ်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ No Air Strike Campaign မှာ ပြည်သူလူထုတွေအနေနဲ့ အတူဝင်ရောက်ပါဝင်ကြဖို့ People’s Radio Myanmar အဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒေသအသီးသီးက ပြည်သူပြည်သား တိုင်းရင်းသားညီအစ်မကိုမောင်နှမတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ် ခြိမ်းခြောက်နေတယ်လို့ ကမ်းပိန်းလှုပ်ရှားသူတွေက ဆိုပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းအသုံးပြု တိုက်ခိုက်နေတာဟာ စစ်လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက သူတို့ချေမှုန်းရမယ့် ရန်သူတွေသဖွယ် သတ်မှတ်လုပ်ဆောင်နေတာလို့လည်းဆိုပါတယ်။
Campaign မှာပါဝင်ဖို့အတွက် Air Strike ကို ဆန့်ကျင်ကြောင်း ပြသဖို့ လူကိုယ်တိုင်လုပ်ဆောင်နိုင်ရင် နမူနာအတိုင်းဖြစ်စေ ဒါမှမဟုတ် No Air Strike ပိုစတာပုံကို Copy ကူးပြီး Hashtag ရေးသားကာ မိမိဖေ့စ်ဘွတ်ခ်ပေါ် ပြန်လည်တင်ပေးခြင်းအားဖြင့် ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။