close

challenge

close

October 5, 2022

ကလေး PDF က အိမ်လွမ်းသူအတွက် Gun တလက် Challenge စတင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း-၂ က “အိမ်လွမ်းသူအတွက် Gun တလက်” ဆိုတဲ့ခေါင်းစဉ်နဲ့ တပ်ရင်းရဲ့ ပထမဆုံး Challenge ကို စတင်ပြုလုပ်လိုက်ပါတယ်။

အဆိုပါ Challenge ကို အောက်တိုဘာ ၁ ရက်က‌‌နေ ၂၁ ရက်အထိ ရက်ပေါင်း ၂၁ ရက်အတွင်း AK တလက်နဲ့ ကျည်ကာ ၁၀ ခုအတွက် သိန်း ၁၅၀ ပြည့်တဲ့အထိ ခေါ်ယူသတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကလေး PDF တပ်ရင်း-၂ တာဝန်ခံက “တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေရဲ့ အိမ်ကိုလွမ်းနေတဲ့စိတ်တွေဟာ ပိုတိုးလာခဲ့ပါပြီ။ အခုလိုကာလမှာတော့ အိမ်လွမ်းတဲ့စိတ်တွေဟာ ပိုတိုးလာခဲ့တာပေါ့ဗျာ။ ကျနော်တို့ တပ်ရင်း-၂ အနေနဲ့ အိမ်ကိုလွမ်းနေတဲ့ ရဲဘော်တွေရဲ့ လွမ်းစိတ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ ‘အိမ်လွမ်းသူအတွက် Gun တလက်’ ဆိုတဲ့ တပ်ရင်းရဲ့ ပထမဆုံး challenge မှာ အားဖြည့်ကူညီပေးဖို့ အားလုံးကို တိုက်တွန်းပါရစေဗျ” လို့ ပြောပါတယ်။

ဆက်လက်ပြီး “လှူဒါန်းပေးလိုသော ပြည်တွင်းက မိဘပြည်သူများအနေနဲ့ ကလေး PDF အမှတ်-၂ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ပါဝင်လှူဒါန်းနိုင်ပြီး ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်းပြည်ပက မိဘပြည်သူတွေအနေနဲ့ project ပြည့်မီအောင် လှူဒါန်း‌ပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း” သူက ပြောပါတယ်။

1 min Ago

September 27, 2022

ကလေး PDF ၏ "တွဲလက်ညီညီ၊ အောင်ပွဲဆီ" ကျည်ဆန်အတောင့် ၅၀၀၀ Challenge ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း ၅ က "တွဲလက်ညီညီ၊ အောင်ပွဲဆီ" ကျည်ဆန်အတောင့်ရေ ၅၀၀၀ Challenge ကို  စတင်ပြုလုပ်လိုက်ပါတယ်။

အဆိုပါ Challenge ကို စက်တင်ဘာ ၂၆ ကနေ  အောက်တိုဘာ ၁၅ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ကျည်ဆန်အတောင့်ရေ ၅၀၀၀ ပြည့်တဲ့အထိ ခေါ်ယူသတ်မှတ်ထားပါတယ်။

ကလေး PDF တပ်ရင်း ၅ ရဲ့ တာဝန်ခံက “အခုအခါ တိုက်ပွဲဝင်ကျည်ဆန်တထောင့်ကို ၁ သောင်းကျပ်နှုန်း နဲ့ ပေးဝယ်နေရတာ။ ကျနော်တို့ကလေးနယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကျည်ဆန်တွေ၊ လက်နက်တွေ လိုအပ်ချက်ရှိနေတဲ့အတွက် အခုလို Challenge ပြုလုပ်ရခြင်းဖြစ်တယ်။ မိဘပြည်သူတွေအနေနဲ့ ကျည် ၅၀၀၀ Challenge မှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" လို့ ပြောပါတယ်။

လှူဒါန်းပေးလိုတဲ့ ပြည်တွင်းက ပြည်သူတွေအနေနဲ့  ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ နဲ့ ထိုင်းနိုင်ငံကနေ လှူဒါန်းမယ့်သူတွေအနေနဲ့ အနာဂတ်အလင်းတန်းများရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်း ပြည်ပက ပြည်သူတွေအနေနဲ့ project ပြည့်မိ‌‌အောင် လှူဒါန်း‌ပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အလှူငွေလှူဒါန်းပါဝင်တဲ့ ပြည်သူတယောက်ခြင်းစီကိုလည်း Certificate‌ ပေးမှာဖြစ်ပြီး အလှူငွေလှူဒါန်းခြင်းနဲ့ project အကြောင်း အသေးစိတ်သိရှိလို့ပါက ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

1 week Ago
Up