close

ကလေး PDF ၏ “တွဲလက်ညီညီ၊ အောင်ပွဲဆီ” ကျည်ဆန်အတောင့် ၅၀၀၀ Challenge ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း ၅ က "တွဲလက်ညီညီ၊ အောင်ပွဲဆီ" ကျည်ဆန်အတောင့်ရေ ၅၀၀၀ Challenge ကို  စတင်ပြုလုပ်လိုက်ပါတယ်။

အဆိုပါ Challenge ကို စက်တင်ဘာ ၂၆ ကနေ  အောက်တိုဘာ ၁၅ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ကျည်ဆန်အတောင့်ရေ ၅၀၀၀ ပြည့်တဲ့အထိ ခေါ်ယူသတ်မှတ်ထားပါတယ်။

ကလေး PDF တပ်ရင်း ၅ ရဲ့ တာဝန်ခံက “အခုအခါ တိုက်ပွဲဝင်ကျည်ဆန်တထောင့်ကို ၁ သောင်းကျပ်နှုန်း နဲ့ ပေးဝယ်နေရတာ။ ကျနော်တို့ကလေးနယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကျည်ဆန်တွေ၊ လက်နက်တွေ လိုအပ်ချက်ရှိနေတဲ့အတွက် အခုလို Challenge ပြုလုပ်ရခြင်းဖြစ်တယ်။ မိဘပြည်သူတွေအနေနဲ့ ကျည် ၅၀၀၀ Challenge မှာ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" လို့ ပြောပါတယ်။

လှူဒါန်းပေးလိုတဲ့ ပြည်တွင်းက ပြည်သူတွေအနေနဲ့  ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ နဲ့ ထိုင်းနိုင်ငံကနေ လှူဒါန်းမယ့်သူတွေအနေနဲ့ အနာဂတ်အလင်းတန်းများရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ပြည်သူသာလျှင် အဓိကမို့ ပြည်တွင်း ပြည်ပက ပြည်သူတွေအနေနဲ့ project ပြည့်မိ‌‌အောင် လှူဒါန်း‌ပေးကြလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အလှူငွေလှူဒါန်းပါဝင်တဲ့ ပြည်သူတယောက်ခြင်းစီကိုလည်း Certificate‌ ပေးမှာဖြစ်ပြီး အလှူငွေလှူဒါန်းခြင်းနဲ့ project အကြောင်း အသေးစိတ်သိရှိလို့ပါက ကလေး PDF အမှတ် ၅ တပ်ရင်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up