close

F-35 ဂျက်တိုက်လေယာဉ်

close

March 15, 2022

အမေရိကန် F-35 ဂျက်တိုက်လေယာဉ် ၃၅ စင်း ဂျာမနီ ဝယ်ယူ

ဂျာမဏီက အမေရိကန် Lockheed Martin လက်နက်ကုမ္ပဏီထံကနေ  F-35 ဖိုက်တာဂျက်လေယာဉ် ၃၅ စင်း ဝယ်ယူမယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။ 

ဂျာမနီက ၁၉၈၀ ခုနှစ် ကတည်းက ဝယ်ယူထားတဲ့ Tornado တိုက်လေယာဉ်ဟောင်းတွေကို အစားထိုးဖို့ F-35 လျှပ်စစ်အလျင် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။ 

Tornado တိုက်လေယာဉ်တွေက စစ်ဖြစ်ခဲ့ရင် အမေရိကန် နျူကလီးယားဗုံးကို သယ်ယူပေးဖို့ နေတိုးအဖွဲ့စာချုပ်နဲ့ ဝယ်ခဲ့တာပါ။ 

တစီး ဒေါ်လာ သန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ F-35 အသစ်တွေကတော့ ရာသီဥတုမရွေး ဘက်စုံ ထောက်လှမ်း တိုက်ခိုက်နိုင်ပြီး နျူကလီးယားအန္တရာယ် ဟန့်တားမှု ရည်ရွယ်ပါတယ်။

ဂျာမဏီကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်းဘရက်ချ်က “အသက်အရွယ်ရလာတဲ့ Tornado လေယာဉ်တွေ နေရာမှာ F-35 ကို အစားထိုးဖို့ ဆုံးဖြတ်တာပါ။  နေတိုးရဲ့ နျူကလီးယား ကာကွယ်ရေး သဘောတူညီချက်နဲ့ ဝယ်ယူတာပါ။ ဝေဟင် အီလက်ထရောနစ်တိုက်ပွဲတွေမှာ အသုံးပြုဖို့ပါ” လို့ ပြောပါတယ်။

2 mins Ago
Up