close

အမေရိကန် F-35 ဂျက်တိုက်လေယာဉ် ၃၅ စင်း ဂျာမနီ ဝယ်ယူ

ဂျာမနီက အမေရိကန် Lockheed Martin လက်နက်ကုမ္ပဏီထံကနေ  F-35 ဖိုက်တာဂျက်လေယာဉ် ၃၅ စင်း ဝယ်ယူမယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။ 

ဂျာမနီက ၁၉၈၀ ခုနှစ် ကတည်းက ဝယ်ယူထားတဲ့ Tornado တိုက်လေယာဉ်ဟောင်းတွေကို အစားထိုးဖို့ F-35 လျှပ်စစ်အလျင် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။ 

Tornado တိုက်လေယာဉ်တွေက စစ်ဖြစ်ခဲ့ရင် အမေရိကန် နျူကလီးယားဗုံးကို သယ်ယူပေးဖို့ နေတိုးအဖွဲ့စာချုပ်နဲ့ ဝယ်ခဲ့တာပါ။ 

တစီး ဒေါ်လာ သန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ F-35 အသစ်တွေကတော့ ရာသီဥတုမရွေး ဘက်စုံ ထောက်လှမ်း တိုက်ခိုက်နိုင်ပြီး နျူကလီးယားအန္တရာယ် ဟန့်တားမှု ရည်ရွယ်ပါတယ်။

ဂျာမဏီကာကွယ်ရေးဝန်ကြီး ခရစ္စတင်း လမ်းဘရက်ချ်က “အသက်အရွယ်ရလာတဲ့ Tornado လေယာဉ်တွေ နေရာမှာ F-35 ကို အစားထိုးဖို့ ဆုံးဖြတ်တာပါ။  နေတိုးရဲ့ နျူကလီးယား ကာကွယ်ရေး သဘောတူညီချက်နဲ့ ဝယ်ယူတာပါ။ ဝေဟင် အီလက်ထရောနစ်တိုက်ပွဲတွေမှာ အသုံးပြုဖို့ပါ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up