close

Hmawbi Revolution Force

close

February 23, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားရေးရာဌာနရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း နဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားသားရေးရာဌာနရုံးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

နိုင်ငံခြားသားရေးရာဌာနရုံးမှာ လုံခြုံရေးယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး နေ့လယ် ၁ နာရီ ၄၅ မိနစ် မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Hmawbi Revolution Force နဲ့အတူ People Force, ACPLF, Yangon People's Defense Force (Bahan), DN PDF အဖွဲ့တို့ ပူးပေါင်းကာ အဝေးထိန်းစနစ် မိုင်း ၂ လုံး နဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတဲ့အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

1 min Ago

February 20, 2022

မှော်ဘီမြို့နယ် GE တပ် အရာရှိရိပ်သာ ‌ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် Supply GE တပ် အရာရှိရိပ်သာကို ‌ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မှော်ဘီတော်လှန်ရေးအင်အားစုက ထုတ်ပြန်ကြေညာထားပါတယ်။ 

မနေ့ည ၉ နာရီ ၁၀ မိနစ်မှာ ‌Hmawbi Revolution Force, ACPLF, Yangon People's Defense Force (Bahan) အဖွဲ့တွေ ပူး‌ပေါင်းပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ အရာရှိနဲ့ ခန်းမှန်းခြေ ၃ ယောက်လောက် ထိခိုက်ဒဏ်ရာ ရနိုင်ပြီး သေဆုံးတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် စံပြစေးအနီး လေးထောင့်ကန်လမ်းမကြီး နဲ့ သံသုမာလမ်းထောင့် မြဝတီဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အဝေးထိန်းဗုံး ၁ လုံးနဲ့  လက်ပစ်ဗုံး ၂ လုံး အသုံးပြုပြီး တိုက်ခိုက်ရာမှာ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ လေတပ်စစ်ဌာနချုပ်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက် ညက  ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ People Force ပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ Fighter ဂျက်လေယာဉ်တွေ ထားရှိတဲ့နေရာကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ကာ လေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁ နာရီ ၄၀ မိနစ်မှာ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် YAK 130 တိုက်လေယာဉ်အမျိုးအစား လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ ပျက်စီးသွားတယ်လို့ PVTV သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

3 days Ago
Up