close

KIA၊ PDF

close

August 5, 2022

ရွှေကူတွင် စစ်တပ်ဗိုလ်ကြီးနှင့်တပ်ကြပ်ကြီးတို့ကို KIA၊ PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ သြဂုတ် ၄ ရက် မနက်ပိုင်းက ရွှေကူနဲ့ ဗန်းမော် ပြေးဆွဲနေတဲ့ မော်တော်ကို ဒေသခံကာကွယ်ရေးတပ်က ရှောင်တခင်စစ်ဆေးရာ စစ်တပ်က ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်တဦးတို့ကို ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူကနေ ဗန်းမော်ကိုလာတဲ့ လိုင်းမော်တော်ကို ဧရာဝတီမြစ် ရေကြောင်းလမ်းပိုင်း တနေရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

မော်တော်နဲ့ခရီးသွားခဲ့တဲ့ ဒေသခံပြည်သူတဦးက “ရွှေကူကနေ ဗန်းမော်တက်လာတဲ့ လိုင်းသင်္ဘောပေါ်မှာ ဖမ်းမိတာ။ စစ်ဗိုလ်နဲ့ တပ်ကြပ်က အရပ်ဝတ်တွေနဲ့ ရွှေကူမြို့ကအထွက် ဧရာဝတီ ဒုတိယမြစ်ကျဉ်းနေရာမှာ KIA နဲ့ PDF က ရှောင်တခင်ဝင်စစ်တာ။ သူတို့နှစ်ယောက် ဖမ်းခံရတယ်” လို့ ပြောပါတယ်။

ရွှေကူနဲ့ ဗန်းမော် ပြေးဆွဲတဲ့ မော်တော်တွေဟာ ပုံမှန်အတိုင်း ပြေးဆွဲနေတဲ့ လိုင်းမော်တော်တွေဖြစ်ပြီး စစ်ကောင်စီက အဲဒီသင်္ဘောတွေကို အသုံးချကာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့တာ၊ ခရီးသွားလာတာတွေ ပြုလုပ်နေပါတယ်။

ရွှေကူမြို့နယ်မှာ ဇူလိုင်လက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်တစီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

ဗိုလ်ကြီးတဦးနဲ့ တပ်ကြပ်တဦးတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

6 mins Ago

July 2, 2021

ကောလင်းတွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်စိမ့်ကုန်းကျေးရွာအနီးမှာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။

“အခုနေ့လယ် ၁ နာရီက စပြီး တိုက်ပွဲဖြစ်နေတယ်။ အကြမ်းဖက်စစ်တပ်ကို KIA (ကချင်လွတ်မြောက်ရေးတပ်) နဲ့ ကောလင်း PDF တို့ ပူးပေါင်းပြီး ဝင်တိုက်တယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုရွာထဲ လူနေအိမ်တွေမှာ လက်နက်ကြီးပစ်တော့ ထိခိုက်တာ ရှိတယ်။”

တိုက်ပွဲကြောင့် လက်ရှိမှာ တချို့ရွာက လူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်း နေဆဲ ဖြစ်ပါတယ်။

1 year Ago
Up