ကောလင်းတွင် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်စိမ့်ကုန်းကျေးရွာအနီးမှာ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်း က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။
“အခုနေ့လယ် ၁ နာရီက စပြီး တိုက်ပွဲဖြစ်နေတယ်။ အကြမ်းဖက်စစ်တပ်ကို KIA (ကချင်လွတ်မြောက်ရေးတပ်) နဲ့ ကောလင်း PDF တို့ ပူးပေါင်းပြီး ဝင်တိုက်တယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုရွာထဲ လူနေအိမ်တွေမှာ လက်နက်ကြီးပစ်တော့ ထိခိုက်တာ ရှိတယ်။”
တိုက်ပွဲကြောင့် လက်ရှိမှာ တချို့ရွာက လူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်း နေဆဲ ဖြစ်ပါတယ်။