close

MyTel ရုံး

close

October 3, 2022

ပုသိမ်မြို့ရှိ စစ်တပ်ပိုင် Mytel ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားလုပ်ငန်းတခုဖြစ်တဲ့ Mytel ကုမ္ပဏီရုံးကို  အောက်တိုဘာ ၂ ရက်ည ၇ နာရီကျော်လောက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ 

မနေ့ည ၇ နာရီ ၄၅ မိနစ်လောက်က  အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ် ၁ တံတား ဘောတံတားဝင်းရှေ့က  အောင်ဧရာကုန်စည်ဝင်းမှာရှိတဲ့    Mytel ရုံး ဗုံးခွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖတို့ပူးပေါင်းပြီး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “ပညာပေးကာလအနေနဲ့ ဖောက်ခွဲတိုက်တာတွေ ပြုလုပ်နေတာဖြစ်တယ်။ သတိပေးထားတဲ့သူတွေအနေနဲ့ မလိုက်နာရင် ထိထိရောက်ရောက် တိုက်ခိုက်သွားတော့မယ်”လို့ ပြောပါတယ်။

ဒီဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ ရှိ၊ မရှိနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ပုသိမ်မြို့ခံတဦးက “ည ၇ နာရီကျော်လောက် အသံအကျယ်ကြီး ကြားလိုက်တယ်။ ဗုံးပေါက်တယ်ကြားတယ်။ ဖြစ်တာ ကမ်းနားလမ်းပေါ်က MyTel လို့ ကြားတယ်၊ ဖြစ်ပြီးတော့ သူတို့ အင်အားအများအပြားနဲ့ ပိတ်ဆို့ ရှာဖွေတာတွေလုပ်နေတယ်။ လူထိလား မထိလား သေချာမသိဘူး"လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ  KBZ ဘဏ်နဲ့လည်း နီးတယ်လို့ ပုသိမ်မြို့ခံတွေထံကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အပြည့်အဝအားပေးထောက်ခံနေပြီး ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတဲ့ KBZ ဘဏ်တွေကိုလည်း စစ်ကောင်စီရဲ့ အဓိကဒေါက်တိုင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့  Pathein Special Task Force က သတိပေး ထုတ်ပြန်ထားပါတယ်။

နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ စီးပွာရေးဒေါက်တိုင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို  အဓိက ပစ်မှတ်ထား တိုက်ခိုက်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ပုသိမ်မြို့မှာ စက်တင်ဘာလကုန်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

5 mins Ago

August 3, 2022

မုံရွာ Mytel ရုံးအား ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း

မုံရွာမြို့ လယ်တီရပ်ကွက်မှာရှိတဲ့ စစ်အုပ်စုပိုင် Mytel ရုံးကို ဩဂုတ် ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက် ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ Wifi စက်တွေနဲ့ လုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) က ထုတ်ပြန်ထားပါတယ်။

ဝင်ရောက်စီးနင်းရာမှာ ရုံးထဲမှာရှိတဲ့ Wifi စက် အလုံး ၁၀၀၊ Routers စက် ၄ လုံး၊ လိုင်းဖြတ်စက် ၄ လုံး၊ laptop ၄ လုံး၊ လုပ်ငန်းဆိုင်ရာ စာရွက်စာတန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်လက်တွေကို သိမ်းဆည်းရမိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက‌ “ရပ်ကွက်ထဲ လူသိမခံဘဲ ခိုးဖွင့်ထားတဲ့ ရုံးပါ။ ကျနော်တို့ စောင့်ကြည့်နေခဲ့သေးတယ်။ သေချာပြီဆိုမှ ဝင်ရောက်စီးနင်းတာပါ။ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်တိုင်မှန်သမျှ တိုက်ခိုက်ဖြိုလှဲသွားမယ်လို့ ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေတဲ့ စီးပွားရေးတခုဖြစ်တဲ့ Mytel ကို တိုက်ခိုက်ရတာ” လို့ ပြောပါတယ်။

ရုံးအတွင်းကို ဝင်ရောက်‌စီးနင်းစဉ် Mytel ကုမ္ပဏီနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် ဝန်ထမ်းတွေကိုတော့ နောက်နောင် ပါဝင်ပတ်သက်ခြင်းမပြုကြဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

Metel ရုံးဝင်ရောက်စီးနင်းမှုကိုတော့ မုံရွာပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (MPDF) မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း မုံရွာမြို့၊ မြဝတီရပ်ကွက် ကျောက္ကာလမ်းဘေးရှိ Mytel ကုမ္ပဏီရုံးအား လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

2 months Ago
Up