ကချင်ပြည် မိုးညင်းခရိုင် မိုးကောင်းမြို့ အန်အယ်လ်ဒီပါတီ၀င် လူငယ်ခေါင်းဆောင်တဦး အသတ်ခံရတယ်လို့ သိရပါတယ်။
လူငယ်ခေါင်းဆောင် ကိုကဗျာနိုင် (ခေါ်) ကိုနိုင်လင်းဦးဟာ အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီအချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း အသတ်ခံရတာလို့ NLD ပါတီ၀င်တဦးကပြောပါတယ်။
ကိုနိုင်လင်ဦးဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွလုပ်ရှားသူတစ်ဦးဖြစ်ပြီး CDM ထောက်ပံ့မှုကြောင့် ရှောင်တိမ်းနေရသူလည်း ဖြစ်ပါတယ်။
သူဟာ ပါတီအရေးတွင်သာမက မြို့နယ်ပရဟိတလုပ်ငန်းတွေမှာလည်း ပါ၀င်သူဖြစ်ပြီး လူငယ်တွေ အခုလိုဖြစ်တာဟာ မြို့နယ်အတွက်ဆုံးရှုံးမှုတစ်ခုပဲလို့ သူ့ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။
ပါတီလုပ်ငန်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးခ့းတဲ့ ကိုနိူင်လင်းဦးအား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်တမ်းတင်အလေးပြုကြောင်းနဲ့ ရဲဘော်ကောင်းရာဘုံကို ရောက်ပါစေကြောင်း မြို့နယ် NLD ပြန်ကြားရေးက ၀မ်းနည်းကြောင်း သ၀ဏ်လွှာထုတ်ပြန်ထားပါတယ်။
မိုးကောင်းမှာ ၅၀၅ ခ နဲ့ ဖမ်းခံသူ ၈ ဦးရှိလာပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM တွေ၊ တက်ကြွလုပ်ရှားသူတွေကတော့ အဖမ်းမခံရအောင် ရှောင်တိမ်းနေရပါတယ်။