close

မိုး​ကောင်း NLD လူငယ်​ခေါင်း​ဆောင် အသတ်ခံရ

ကချင်ပြည် မိုးညင်းခရိုင် မိုး​ကောင်းမြို့ အန်အယ်လ်ဒီပါတီ၀င် လူငယ်​ခေါင်း​ဆောင်တဦး အသတ်ခံရ​တယ်လို့ သိရပါတယ်။

လူငယ်​ခေါင်း​ဆောင် ကိုကဗျာနိုင်​ (ခေါ်) ကိုနိုင်လင်းဦးဟာ အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီအချိန်မှာ စစ်အာဏာရှင်ဆန့်ကျင်​ရေးလုပ်ငန်းတွေကို လုပ်​ဆောင်ရင်း အသတ်ခံရတာလို့ NLD ပါတီ၀င်တဦးက​ပြောပါတယ်။

ကိုနိုင်လင်ဦးဟာ​ နွေဦး​တော်လှန်​ရေးမှာ တက်ကြွလုပ်ရှားသူတစ်ဦးဖြစ်ပြီး CDM ​ထောက်ပံ့မှု​ကြောင့်​ ရှောင်တိမ်း​နေရသူလည်း ဖြစ်ပါတယ်။

သူဟာ ပါတီအ​ရေးတွင်သာမက မြို့နယ်ပရဟိတလုပ်ငန်း​တွေမှာလည်း ပါ၀င်သူဖြစ်ပြီး လူငယ်​တွေ အခုလိုဖြစ်တာဟာ မြို့နယ်အတွက်ဆုံးရှုံးမှုတစ်ခုပဲလို့ သူ့ရဲ့ မိတ်​ဆွေတဦးက​ ပြောပါတယ်။

ပါတီလုပ်ငန်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးခ့းတဲ့ ကိုနိူင်လင်းဦးအား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်တမ်းတင်အလေးပြုကြောင်းနဲ့ ရဲ​ဘော်​ကောင်းရာဘုံကို ​ရောက်ပါ​စေ​ကြောင်း မြို့နယ် NLD ပြန်ကြား​ရေးက ၀မ်းနည်း​ကြောင်း သ၀ဏ်လွှာထုတ်ပြန်ထားပါတယ်။

မိုး​ကောင်းမှာ ၅၀၅ ခ နဲ့ ဖမ်းခံသူ ၈ ဦးရှိလာပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM တွေ၊ တက်ကြွလုပ်ရှားသူ​တွေက​တော့ ​အဖမ်းမခံရ​အောင် ရှောင်တိမ်း​​နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up