close

The Wire

close

March 18, 2023

The Wire စတား လန်စီ ရက်ဒစ် ကွယ်လွန်

နာမည်ကြီး တီဗွီရှိုး  The Wire  မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၆၀ အရွယ် မင်းသား လန်စီ ရက်ဒစ်ဟာ ‌စတူဒီယိုစီးတီး ဧရိယာက သူရဲ့ နေအိမ်မှာ သေဆုံးနေတာ တွေ့ရှိရတယ်လို့ မတ် ၁၇ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

လူသိများတဲ့ မင်းသား ရက်ဒစ်ဟာ သောကြာနေ့မနက်မှာ သဘာဝအကြောင်းတရားကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

The Wire ပြီးနောက် John Wick မှာ နယူးယော့ခ် ဟိုတယ်က သင်းအုပ်ဆရာ Charon အဖြစ် သရုပ်ဆောင်ခဲ့ပြီး Reeves နဲ့ John Wick  ဒါရိုက်တာ  Chad Stahelski တို့က သူတို့ရဲ့ သရုပ်ဆောင်အဖွဲ့ဝင် ဆုံးရှုံးခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောပါတယ်။

"ငါတို့ရဲ့ ချစ်လှစွာသော လုပ်ဖော်ကိုင်ဖက်ကို ဆုံးရှုံးရတဲ့အတွက် ငါတို့အရမ်းဝမ်းနည်းကြေကွဲရပါတယ်။ သူက အလွန်ကျွမ်းကျင်တဲ့ ပညာရှင်တယောက်ဖြစ်ပြီး အလုပ်တွဲလုပ်ကြတာ ပျော်ပါတယ်။" 

The Wire စတား Pierce က "ကြီးကျယ်တဲ့ ခွန်အားနဲ့ ရုဏ်ကျက်သရေရှိပြီး လူတွေရဲ့ စံနမူနာရှိသင့်တဲ့ လူပါ" လို့ တွစ်တာကနေ ဂုဏ်ပြုခဲ့ပါတယ်။

“ရက်ဒစ်ရဲ့ သေဆုံးမှုဟာ ငါတို့အနုပညာ မိသားစုအတွက် မထင်မှတ်ဘဲ ပြင်းထန်တဲ့ နာကျင်ဝမ်းနည်းမှု တခုပဲ။ သူရဲ့ မိသားစုနဲ့ ချစ်ရသူတွေအတွက် မခန့်မှန်းနိုင်တဲ့ ဒုက္ခတခုပါ။ The Wire ကို ပြန်ကြည့်ဖို့ လမ်းတဝက်ရောက်နေပြီ" လို့ Horror စာရေးဆရာ Stephen King က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

HBO ရဲ့ ကော်ပိုရိတ် အကောင့်က‌လည်း “ရက်ဒစ် နဲ့ အတူ အလုပ်လုပ်ဖူးသူတိုင်းက သူ့ကိုအလေးအမြတ်ထားပြီး၊ သူရဲ့ အမွေအနှစ် တစိတ်တပိုင်းဖြစ်ရတာ ဂုဏ်ယူပါတယ်။ သူ့ကို အလွန်လွမ်းဆွတ်နေမှာပါ" လို့ ရေးသားခဲ့ပါတယ်။

ရက်ဒစ်ဟာ ၂၀၀၀ ခုနှစ်မှာ HBO အကျဉ်းထောင် ဒရာမာ "OZ" မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်နေတဲ့ လျှို့ဝှက် စုံထောက်တဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး  The Wire  မှာ ပါဝင်သရုပ်ဆောင်ပြီးနောက် လူသိများလာခဲ့ပါတယ်။

9 mins Ago

September 7, 2021

အမေရိကန် ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် မိုက်ကယ်ဝီလျံစ် သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်မြို့က တိုက်ခန်းထဲမှာ ‘The Wire’ ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် မိုက်ကယ်ကေ ဝီလျံစ်ကို စက်တင်ဘာ ၆ ရက်က သေဆုံးလျက်သားတွေ့ရတယ်လို့ နယူးယောက် ရဲဌာန NYPD က ပြောပါတယ်။

မနေ့ မွန်းလွဲ  ၂ နာရီမှာ အရေးပေါ် ဖုန်းဌာနကို အရေးပေါ် ဖုန်းဆက်သွယ်အကြောင်းကြားအပြီး ဘရွတ်ကလင်း ရပ်ကွက်က သူ့တိုက်ခန်းမှာ ဝီလျံစ်ကို သေဆုံးလျက်သား တွေ့ရတယ်လို့ နယူးယောက် ရဲဌာန ပြောခွင့်ရက ပြောပါတယ်။

သေဆုံးချိန်မှာ အသက် ၅၄ နှစ် ရှိပြီဖြစ်တဲ့  ဝီလျံစ်ဟာ HBO မှာ သူ့ရဲ့ သရုပ်ဆောင်မှုအတွက် ၂၀၂၁ အမ်မီ ဆု လျာထားခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် ဘရော့ဒ်ဝေါ့ခ် အမ်ပါယာ ရုပ်သံ ဇာတ်လမ်းတွဲ အတွင်း သူ့အခန်းကဏ္ဍအတွက်လည်း နာမည်ကျော်ကြားခဲ့သူပါ။

ဝီလျံစ်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ နယူးယောက်မြို့ ဆေးဘက် စစ်ဆေးသူတွေက ဝီလျံစ် သေဆုံးရတဲ့ အကြောင်းရင်းကို နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့ NYPD က ပြောပါတယ်။

2 years Ago
Up