မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို မေလ ၂၄ ရက်နေ့က အွန်လိုင်းကနေ တဆင့် ရုံးထုတ်ပါတယ်။
စစ်တပ်က ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။
Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။
ကိုနေမျိုးလင်းဟာ ၂၀၂၀ ခုနှစ် မတ်လထဲကလည်း AA ကိုဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက် ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။
မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ကို မေလ ၁၂ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ရုံးထုတ်ပါတယ်။
ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
“ကိုနေမျိုးလင်းတို့ကို ဒီနေ့ ၅၀၅/က နဲ့ ရုံးထုတ် ရမန်ယူပါတယ်။ ရဲစခန်းသွားတော့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်တယ်ပြောပြီး တရားရုံးမေးတော့ အထူးတရားရုံးမှာ ထုတ်တယ်ပြောတယ်။ မတွေ့လိုက်ရဘူး”လို့ ကိုနေမျိုးလင်းရဲ့ ဇနီးက ပြောပါတယ်။
Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။
ကိုနေမျိုးလင်းဟာ ၂၀၂၀ မတ်လကလည်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက်ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။