A d v e r t i s e m e n t With Us

close

Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ကို ရုံးထုတ်

မန္တလေးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Voice of Myanmar ရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို မေလ ၂၄ ရက်နေ့က အွန်လိုင်းကနေ တဆင့် ရုံးထုတ်ပါတယ်။

စစ်တပ်က ကိုနေမျိုးလင်းတို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး ဧပြီ ၂၇ ရက် မနက်ပိုင်းက နန်းတွင်းထဲကို လာဖို့ခေါ်ယူရာကနေ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတာပါ။

Voice of Myanmar သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုနေမျိုးလင်းနဲ့ သတင်းထောက် ရှိုင်းအောင်တို့ကို ဖမ်းဆီးသွားတဲ့နေ့ကတည်းက မိသားစုတွေနဲ့ မတွေ့ရသေးဘူးလို့ သိရပါတယ်။

ကိုနေမျိုးလင်းဟာ ၂၀၂၀ ခုနှစ် မတ်လထဲကလည်း AA ကိုဆက်သွယ်မေးမြန်းထားတဲ့ သတင်းဖော်ပြခဲ့တာကြောင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမှုမမြောက် ဆိုကာ တရားရုံးက ဆုံးဖြတ်တာကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up