close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတရဲ့ လေယာဉ်ကို အမေရိကန် ကြားဖြတ် သိမ်းယူ

တရားမဝင် နည်းလမ်းတွေနဲ့ ဝယ်ယူခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ လေယာဉ်တစ်စီးကို အမေရိကန်က ကြားဖြတ် သိမ်းယူလိုက်ပါတယ်။

တရားမဝင် နည်းလမ်းတွေနဲ့ ဝယ်ယူခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ လေယာဉ်တစ်စီးကို အမေရိကန်က ကြားဖြတ် သိမ်းယူလိုက်ပါတယ်။

အမေရိကန် တရားရေး ဝန်ကြီးဌာနက Falco 900EX လေယာဉ်ကို ဒိုမီနီကန် သမ္မတ နိုင်ငံမှာ ကြားဖြတ် ဖမ်းဆီးခဲ့ပြီး အမေရိကန်ရဲ့ ဖလော်ရီဒါ ပြည်နယ်ဆီ လွှဲပြောင်း ပို့ဆောင်စေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ လေယာဉ်ဟာ တရားမဝင် လမ်းကြောင်းတွေကနေ ခိုးထုတ်ခဲ့တဲ့ ဒေါ်လာ ၁၃ သန်းလောက် ငွေသားကို အသုံးပြုပြီး ဖလော်ရီဒါကနေ ဝယ်ယူသွားခဲ့တာလို့ ဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီလေယာဉ်ဟာ ဘယ်လို အကြောင်းကြောင့် ဒိုမီနီကန် နိုင်ငံကို ရောက်ရှိနေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေကြောင်းပျံသန်းမှု လမ်းကြောင်းပြ အထောက်အထားတွေအရ လေယာဉ်ဟာ စက်တင်ဘာ ၂ ရက်နေ့တုန်းက ဒိုမီနီကန်ရဲ့ မြို့တော် ဆန်ဒိုမင်ဂိုနားမှာရှိတဲ့ လာအစ္စဘဲလား လေဆိပ်ကနေ ထွက်ခွာပြီး ဖလော်ရီဒါရဲ့ ဖို့တ်လော်ဒါလေး လေဆိပ်မှာ ဆင်းသက်ခဲ့ကြောင်း အတည်ပြု တွေ့ရှိရပါတယ်။

Public Service Announcement

Public Service Announcement

ဗင်နီဇွဲလား အစိုးရကတော့ အခုကြားဖြတ် ဖမ်းဆီးမှုကို ရှုတ်ချခဲ့ပြီး ပေါ်ပေါ်ထင်ထင် ဓားပြတိုက်မှု တစ်ခုလို့ စွပ်စွဲ ပြောကြားထားပါတယ်။

ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီး ယီဗန်ဂေးလ်က အမေရိကန်ဟာ ကမ္ဘာအနှံ့ သူတို့ ကျူးလွန်နေကျ တရားမဲ့ လုပ်ရပ်တွေကို ဆင်ခြေအမျိုးမျိုးနဲ့ ဖုံးဖိလေ့ ရှိတာ မဆန်းတော့ဘူးလို့ ပြောပါတယ်။ ဗင်နီဇွဲလား အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ အခုဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့တဲ့ အခြေအနေတိုင်းအတွက် ဥပဒေကြောင်းအရ တုံ့ပြန်ပိုင်ခွင့် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်ကတော့ အဲဒီ လေယာဉ်ဟာ အမေရိကန်ရဲ့ ပို့ကုန်နဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်တယ်လို့ ယုံကြည်တဲ့အတွက် ကြားဖြတ် ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ နောက်ပြီး မာဒူရိုနဲ့ အဆက်အစပ်ရှိတဲ့ ခရိုနီ တချို့ဟာ ကာရေဘီယန် ဒေသတွင်း အခြေစိုက် ဟန်ပြ ကုမ္ပဏီ တစ်ခုကနေတဆင့် ချိတ်ဆက်ပြီး အခုလေယာဉ်ကို ဖလော်ရီဒါ ကုမ္ပဏီ တစ်ခုကနေ ဝယ်ယူတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီလေယာဉ်ဟာ ကာရေဘီယန် ဒေသကို ဖြတ်သန်းပြီး မနှစ်က ဧပြီလမှာ အမေရိကန်ကနေ ဗင်နီဇွဲလား နိုင်ငံဆီ ရောက်ရှိသွားခဲ့တယ်လို့ ပြောပါတယ်။ အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မာဒူရိုဟာ ဗင်နီဇွဲလားအပေါ် သူ့ရဲ့ လွဲမှားတဲ့ စီမံအုပ်ချုပ်မှုတွေနဲ့ ပတ်သက်လို့ အကျိုးဆက်တွေကို သေချာပေါက် ခံစားရစေမယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုယ်ပိုင် ဂျက်လေယာဉ်ဖြစ်ဖြစ်၊ ဘယ်လောက် ဩဇာကြီးမားသူတွေ ပိုင်ဆိုင်ထားတာပဲဖြစ်ဖြစ် အရေးမကြီးကြောင်း၊ အမေရိကန်ဟာ မိတ်ဖက် နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာတလွှားကို ရောက်နေတဲ့ အမေရိကန်ပိုင် လေယာဉ်တွေကို အရပြန်ယူမှာဖြစ်ကြောင်း အမေရိကန် စီးပွားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မက်သရူး အာနိုးလ်ကလည်း ဆိုပါတယ်။

အမေရိကန်ရဲ့ အဆိုအရ အဲဒီလေယာဉ်ဟာ ဗင်နီဇွဲလားမှာရှိတဲ့ စစ်စခန်း တစ်ခုမှာပဲ အဓိက အခြေစိုက်လေ့ရှိပြီး အရေးကြီး ပုဂ္ဂိုလ်တွေရဲ့ ခရီးစဉ်တွေကိုသာ တာဝန်ယူ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်ထိ မရှင်းသေးတာကတော့ လေယာဉ်ဟာ ဒိုမီနီကန်ကို ဘာကြောင့် ရောက်ရှိနေသလဲ ဆိုတာပါ။ မာဒူရို ကိုယ်တိုင်ဟာ အဲဒီလေယာဉ်ကို အသုံးပြုပြီး ခရီးသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။

မာဒူရိုဟာ ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရကြောင်း ကြေညာချက်နဲ့ ပတ်သက်လို့ အငြင်းပွားစရာ အခြေအနေတွေကို ကြုံနေပြီး အတိုက်အခံတွေက အဲဒီရွေးကောက်ပွဲ ရလဒ်ဟာ အကြီးအကျယ် လိမ်လည်ထားတာ ဖြစ်တယ်လို့ စွပ်စွဲ ဆန္ဒပြနေပါတယ်။ အဲဒီ အရှုပ်အထွေးကို အကြောင်းပြုပြီး ဗင်နီဇွဲလားဟာ ဇူလိုင် လကုန်ပိုင်းတုန်းက ပနားမား၊ ဒိုမီနီကန် နိုင်ငံတွေဆီ လေကြောင်းပျံသန်းမှုတွေကို ယာယီ ဆိုင်းငံ့ခဲ့ဖူးပါတယ်။ ဥရောပ သမဂ္ဂနဲ့ ဒေသတွင်း လက်တင်အမေရိက နိုင်ငံတချို့ကလည်း မာဒူရိုရဲ့ အနိုင်ရမှုကို အသိအမှတ် မပြုခဲ့ဘဲ ရွေးကောက်ပွဲ ရလဒ်တွေကို ပွင့်လင်းမြင်သာမှုအပြည့် ထုတ်ပြန်ပေးဖို့ ဖိအားပေး တောင်းဆိုထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူများအတွက် အမေရိကန်၏ အားပေးထောက်ခံမှုမှာ မပြောင်းမလဲတည်မြဲနေဟုဆို

နိုင်ငံတကာ

အမေရိကန် သမ္မတတွေအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ စီးတော် ရဟတ်ယာဉ် အသစ်ကို ဂျိုးဘိုင်ဒန်က ပထမဆုံးအကြိမ် လိုက်ပါ စီးနင်းခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်တော်လှန်ရေးအင်အားစုများအကြားပူးပေါင်းဆောင်ရွက်နေမှုကို ကန်နိုင်ငံခြားရေးဌာန၊အတိုင်ပင်ခံပုဂ္ဂိုလ်ချီးကျူးဟုCNFထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။