သမိုင်းလမ်းဆုံ အင်းစိန်လမ်းမပေါ်တွင် လူငယ်များဆန္ဒပြ





2
အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ ချီတက်ဆန္ဒပြပွဲတစ်ခုကို ဒီကနေ့ ဧပြီ ၂၆ ရက်မနက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးက အင်းစိန်လမ်းမပေါ်မှာ လူငယ်တွေက ပြုလုပ်ခဲ့ပါတယ်။
လှည့်ပတ်စောင့်ကြည့်နေတဲ့ ရဲတွေအလစ်မှာ ပြုလုပ်ရတဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို အင်းစိန်လမ်းမပေါ်က ချီတက်ပြီး ရပ်ကွက်တွေအတွင်း လှည့်လည် ကြွေးကျော်ကာ အဆုံးသတ်ခဲ့ ကြပါတယ်။