close

ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်း

ပြည်သူလူထုကိုနှိပ်စက်သတ်ဖြတ် စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတဲ့  အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့ရဲ့ ဘက်တော်သားတွေကို တော်လှန်ဖို့  ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းကြေညာပါတယ်။

"ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဉ်းချတာ၊ ဖက်ဒရယ်ဒီမိုကရေစီကိုဦးတည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေအပေါ် လေကြောင်းထိုးစစ်ဆင်မှုကဲ့သို့သော စစ်အင်အားအလွန်အကျွံအသုံးပြုတာ၊ ဖမ်းဆီးခံအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်ဖျက်စီးတာ ကဲ့သို့သော စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဘက်တော်သား စစ်သား၊ ရဲအုပ်စုတွေကို တော်လှန်တိုက်ခိုက်အပစ်​ပေးဖို့အတွက် ရွှေကူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (Shwegu People Defense Force) ကို ဖွဲ့စည်းလိုက်တာလို့ ကြေညာထားပါတယ်။

ရွှေကူပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို - People Defense Force -Shwegu page မှာတင်ပြသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့နယ်တွေအသီးသီးမှာ  အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုရဲ့ ဘေးရန်ကနေ ကာကွယ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဖွဲ့စည်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up