close

ဂင်္ဂါမြစ်ကမ်းတလျှောက် လူသေအလောင်းများ စုပုံနေ

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်တလျှောက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံသေဆုံးသူတွေလို့ သံသယရှိတဲ့ အလောင်းတွေကို တွေ့ရတဲ့အတွက် ကူးစက်ရောဂါကပ်ဘေးအတွက် ဆရာဝန်တွေက စိုးရိမ်ကြောင်းပြောခဲ့လို့ ရွာသားတွေ အတော်များများကလည်း  စိုးရိမ်နေကြပါတယ်။

ဥတ်တျာ ပရာဒေ့ရှ်ပြည်နယ် ဂါဇီပူခရိုင်က ဂါမာရွာမှာ မြစ်တလျှောက် အလောင်း ၁၀၀ လောက်ကို မှတ်တမ်းတင်နိုင်ခဲ့တာပါ။

အလောင်းတချို့ မြစ်ကမ်းပါးမှာ ကျန်နေတော ၂ရက်လောက် ရှိနေပြီး အနံ့ကြောင့် ဖြစ်စဉ်ကို ရွာသားတွေ သတိထားမိခဲ့ကြတယ်လို့ ရိုက်တာ သတင်းဌာနရဲ့ မိတ်ဖက် အိန္ဒိယ အခြေစိုက် ANI သတင်းဌာနက ဖော်ပြပါတယ်။

အနားက ဘီဟာပြည်နယ်မှာလည်း အလောင်း ၂ ဒါဇင်လောက် ကမ်းပေါ် လာတင်နေခဲ့တယ်လို့ ဆိုပါတယ်။

ညစ်ညမ်းရေကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလားဆိုတာ ဆေးဘက် ပညာရှင်တချို့က စိုးရိမ်နေကြပါတယ်။

 ဗိုင်းရပ်စ်ဟာ ရေထဲက အလောင်းတွေကနေတဆင့် ဘယ်လို ကူးစက်နိုင်လဲဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ သုတေသန မရှိသေးပေမဲ့ ရေတွေ ညစ်ညမ်းကုန်ပြီ ဆိုတာကိုတော့ ခိုင်ခိုင်မာမာ ယုံကြည်ပြီး ဘယ်လိုမှ သောက်လို့ မဖြစ်တော့တဲ့အပြင် အလောင်းတွေ ပုပ်ပွလာရင် ပိုပြီး အန္တရာယ်ကြီးလာလိမ့်မယ်လို့ ဆရာဝန် ဒေါက်တာ မိုဆင် ဝါလီက ပြောပါတယ်။

 အိန္ဒိယမှာ မတ် ၁၁ ရက် တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ ၃၃၀,၀၀၀ နီးပါးရှိပြီး ကူးစက်ခံ သေဆုံးသူ အသစ် ၃၈၇၆ ယောက် ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up