close

ဧရာဝတီတိုင်း ၉ မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း  မေလ ၁၈ ရက်နေ့ အထိ မြို့နယ်ပေါင်း ၉ မြို့နယ်မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီ ဖြစ်တယ်လို့  သက်ဆိုင်ရာမြို့နယ်တွေက ကြေညာပါတယ်။

ဧရာဝတီတိုင်းအတွင်း ကျုံပျော်၊ ဘိုကလေး၊ ကြံခင်း၊ မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံ၊ မြန်အောင်၊ မအူပင်နဲ့ ပန်းတနော်မြို့နယ်တွေမှာ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို  အခု မေလအတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးလူငယ်များ  Ayeyarwaddy Federal  Army  ကို ဧရာဝတီတိုင်းဒေသကြီး လူငယ်တွေက  ဧပြီလ ၁၆  ရက်က စတင်ဖွဲ့စည်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု အန္တရာယ်မှ ပြည်သူတွေကို ကာကွယ်ဖို့၊  CDM ပြုလုပ်တဲ့ ပြည်သူဝန်ထမ်းတွေကို ကာကွယ်ပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်မှုကို လိုက်နာသွားမယ်လို့ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ  စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျုးလွန်နေတဲ့ အတွက် အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ အပေါင်းအပါ လက်ပါးစေတွေကို မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းဒေသကြီးမှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၉ ဦး ကျဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up