close

တနိုင်း​ NLD အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို သူနေထိုင်ရာ တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက်မှာ မေ ၂၀ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

”မနက်က မေးစရာရှိတယ်ဆိုပြီး တပ်ကလာခေါ်သွားတယ်ပြောတယ်။ ဘာလို့လာခေါ်သွားတယ်ဆိုတဲ့ အကျိုးအကြောင်းက ဘာမှမသိရသေးဘူး” လို့ ဦးလင်းလင်းဦးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးလင်းလင်းဦးဟာ NLD ပါတီကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိထားသူတစ်ဦးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။   

တနိုင်းမြို့မှာနေထိုင်တဲ့ လဝကဝန်ကြီး ဦးဇော်ဝင်းကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကာ မြစ်ကြီးနားထောင်ကနေ တရားရင်ဆိုင်နေရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up