close

ထိုင်းတွင် တရက်အတွင်း ကိုဗစ်လူနာသစ် ၃၀၀၀ကျော်တွေ့၊ ၅ ပုံ ၁ ပုံက အကျဉ်းထောင်မှဖြစ်

       ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းအနေနဲ့ ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၃,၀၅၂ ယောက်ရှိခဲ့ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရသူပေါင်း ၁၂၆,၁၁၈ ယောက်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၃ ထောင်ကျော်ထဲက ၅ ပုံ ၁ ပုံ လောက်ဖြစ်တဲ့ လူပေါင်း ၆၀၅ ယောက်ဟာ အကျဉ်းထောင်တွေထဲက ဖြစ်တယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

       တချိန်တည်းမှာပဲ ဆေးရုံတက်ရောက်ကုသမှုခံယူနေကြတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာ ၂,၉၀၀ ဟာ ပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။

       ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၂၄ ယောက်သေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူအရေအတွက် ၇၅၉ ယောက်ထိ ရှိလာနေပြီ ဖြစ်ပါတယ်။

       တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူအရေအတွက်ကတော့ ၁၆၆ ဒ သမ ၄ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၃ ဒသမ ၄ သန်းကျော်၊ ရောဂါပြန်လည်ပျောက် ကင်းလာသူအရေအတွက် ၁၄၇ ဒသမ ၂ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up