A d v e r t i s e m e n t With Us

close

သုဝဏ္ဏ မင်္ဂလာဆောင်တွင် လက်ဖွဲ့မှဗုံးကွဲ သတို့သမီးပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က)ရပ်ကွက် ဇေယျာသုခလမ်းထဲက (၃)လွှာ တိုက်ခန်းထဲမှာ မေလ ၂၅ ရက်ဒီကနေ့ အကျဉ်းချုံးကျင်းပတဲ့  မင်္ဂလာဆောင်တစ်ခုကနေ လက်ဖွဲ့ဗုံးပေါက်ပြီး သတို့သမီးနဲ့အတူ နောက်ထပ်အမျိုးသားတစ်ဦး သေဆုံးပြီး အနည်းဆုံး  ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သတို့သမီးအပါအဝင် သေဆုံးသူ ၃ ဦးအထိ ရှိနိုင်ကြောင်းလည်း ရပ်ကွက်အတွင်းနေသူတွေက ပြောပါတယ်။ သတို့သားဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး  MNO  ရန်ကုန်အဖွဲ့ဝင် ကိုချစ်မင်းကတော့ ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ 

ဗုံးကွဲပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ပြီး အနီးနားတဝိုက် စစ်ဆေးနေတယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ 

အဆိုပါတိုက်ခန်းမှာ မင်္ဂလာဆောင်လုပ်တာကို ရပ်ကွက်နေပြည်သူတွေအများစုက  မသိလိုက်ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up