A d v e r t i s e m e n t With Us

close

မြစ်ဆုံရေကာတာစီမံကိန်း လုံးဝရပ်ဆိုင်းရန်နှင့် SPIC တရုတ်ကုမ္ပဏီ ထွက်သွားရန် ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ မြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေကာတာကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့နဲ့  အဲဒီရေကာတာ ဆောက်လုပ်မယ့် SPIC တရုတ်ကုမ္ပဏီ မြန်မာပြည်က ထွက်သွားဖို့ ဒေသခံတွေက မေလ၂၅ ရက် မနက်က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ 

“ဘယ်အစိုးရပဲ တက်လာတက်လာ၊ ကျမတို့ပြည်သူလူထုက လုံးဝ ဒါကို မလုပ်စေချင်ဘူး။ ကန့်ကွက်တယ်။ လုပ်လက်စအားလုံးကိုလည်း အကုန်ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်”လို့ အောင်မြင်သာ ဒေသခံတစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနားမြို့က အောင်မြင်သာရွာနဲ့ မလိယာန်ရွာတွေမှာ  လူဦးရေ ၁၀၀ ကျော်နဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး ချီဖွေမြို့မှာတော့ လူမဲ့သပိတ် ပြုလုပ်ဆန္ဒပြခဲ့ကြတာပါ။

မြစ်ဆုံရေကာတာစီမံကိန်းကို သမ္မတဟောင်းဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ ရပ်နားထားပေမဲ့ SPIC တရုတ်ကုမ္ပဏီအနေနဲ့ကတော့ မြန်မာပြည်က ထွက်ခွာခြင်းမရှိသေးဘဲ စီမံကိန်းလုပ်ငန်းတချို့ ဆက်လုပ်နေတာရှိသလို ပြောင်းရွှေ့ခံရွာသူရွာသားတွေကို အခြေခံစားသောက်ကုန်တွေ  ထောက်ပံ့ပေးတာတွေလည်း ဆက်လက်လုပ်ဆောင်ပေးနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up