A d v e r t i s e m e n t With Us

close

ခင်ဦးမြို့နယ်၊ သံဘိုရွာသား ၅ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၂၅ ရက် နေ့လည်ပိုင်းက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံရွာသားတစ်ဦးက “စစ်ကောင်စီတပ်ကရွာကို အလာဗျ ဘုန်းကြီးကျောင်းက ခိုင်းလိုက်တဲ့ ကလေးသုံးယောက်က ရွာကကားနဲ့အထွက်တွေ့ပြီး ဖမ်းသွားတယ်။ နောက်ထပ် ရွာထဲဆက်ဝင်လာပြီး ရွာသားနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့တော့ ထပ်ဖမ်းသွားတယ်။ တချို့သူတွေကိုတော့ ရိုက်နှက်ဖမ်းသွားတယ်လို့တော့သိရတယ်ဗျ။ အားလုံး ၅ ယောက်ပေါ့။ သူတို့က စစ်ကားတွေအဝေးမှာရပ်ထားခဲ့ပြီး ရွာဘက်ကို ခြေလျင်လျှောက်လာကြတာ။ အရပ်ဝတ် လက်နက်ကိုင်တွေရော၊ ယူနီဖေါင်းတွေနဲ့ရော တော်တော်များတယ်။ နေ့လည် ၁ နာရီလောက်က ဝင်လာပြီး၊ ၂ နာရီလောက်ကြ ပြန်ထွက်သွားတယ်။ ရွာသူရွာသားအားလုံးနီးနီး ကတော့ ထွက်ပြေးကြရတာပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလည်း စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ဒီကျေးရွာရဲ့ လုံခြုံရေးအတွက် စစ်တပ်ဝင်မှာဖြစ်ပြီး  တားတာဆီးတာ လုံးဝမလုပ်ကြဖို့နဲ့ PSI စလောင်းတွေဖြုတ်ထားကြဖို့  မဖြုတ်ရင် ဒဏ်ငွေနဲ့ ထောင်ဒဏ်ချမှတ်မယ်လို့ အသံချဲ့စက်နဲ့ကြေညာခဲ့တယ်လို့  သိရပါတယ်။

သံဘိုကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တာ ၄ ကြိမ်အထိရှိခဲ့ပြီး၊ ပထမဆုံးအကြိမ်ဝင်စဉ်ကလည်း လူငယ်နှစ်ယောက်ကို ဖမ်းဆီး‌စစ်မေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ် ။ အခု ဒုတိယအကြိမ်မှာတော့  ရွာသား ၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up