close

ရွှေပြည်သာ မူလတန်းကျောင်းတွင် ဗုံးကွဲ၊ ဆိုင်ကယ်စီးပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က မူလတန်း ကျောင်းတကျောင်းမှာ မေလ ၂၆ ရက် ဒီမနက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  ဒီမနက်ပိုင်းမှာပဲ တခြားနေရာတခုမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပစ်ခတ်လို့ ပြည်သူ တစ်ယောက် သေဆုံးသွားပါတယ်။

ရွှေပြည်သာ ဏ(၁၄)ရပ်ကွက် အ.မ.က မူလွန် အမှတ် (၃၄)  ကျောင်းမှာ ဒီမနက် ၄ နာရီ၀န်းကျင်က ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ အနီးအနားနေသူတွေက ပြောပါတယ်။

"ပေါက်ကွဲသံကအကျယ်ကြီးပဲ။ ဒီလောက်မိုးရွာတဲ့ကြားက အကျယ်ကြီးကြားရတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

မနေ့ည ၁၂ ခွဲ လောက်က အဲဒီကျောင်းထဲကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေရောက်လာပြီး နာရီဝက်လောက်အကြာမှာ ပြန်ထွက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီမနက် ၉ ဝန်းကျင်လောက်မှာ ရွှေပြည်သာ မြင်းလှည်းဂိတ်မှတ်တိုင်နားမှာ ဆိုင်ကယ်မောင်းလာသူတယောက်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားပါတယ်။

"စစ်တပ်ကဆိုင်ကယ်တားတာကို မရပ်ပေးဘဲ မောင်းပြေးလို့ ပစ်တာ။ ဒီမနက် ကားသေးတွေနဲ့ စစ်သားတွေ မြို့ထဲကင်းပတ်နေတာမျိုးတော့တွေ့ခဲ့တယ်။ ရွှေပြည်သာလှော်ကားစျေး သံလမ်းဘက်မှာလည်း ကားသေး ၂ စီး စစ်သားအင်အားအပြည့်နဲ့ တွေ့တယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် အရင်တခါက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အ.ထ.က (၅) စာသင်ကျောင်း ဘက်မှာလည်း စစ်သားတွေရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up